Episode 8

3K 253 15
                                    

At School

Lu, Sehun, Xiu, Chen နဲ့ Soo တို့ Kai ကို ကျောင်းရှေ့မှာ စောင့်နေကြသည် ပုံမှန်ဆို Kris စောင့်နေကြဖြစ်သော်လည်း အခု Kai ကိုစောင့်နေကြသူများထဲတွင် Kris မပါ

Kai ကျောင်းရောက်တော့ သူ့ကိုစောင့်နေသည့် သူငယ်ချင်းတွေကို တွေ့လိုက် ရသည် သို့သော် Kris ကိုရှာမ တွေ့

Kai: Lu Kris ရော မ ရောက်သေးဘူးလား

Lu: Haenim နဲ့ canteen ထွက်သွားတယ်

Kai ဘာမှဆက်မ မေးတော့ပါ အတန်းကို သွားဖို့ ခြေဦးလှည့်လိုက်သည် သူငယ်ချင်းတွေ ကလဲ အလိုက်တသိ တိတ်ဆိတ်စွာလိုက်လာ ကြသည်

အခန်းရှေ့ရောက်တော့ အခန်းဝမှာ စကားပြောနေတဲ့ Kris နဲ့ Haenim ကို တွေ့လိုက် ရသည် Kai တို့ကို Kris က မမြင်ပေမဲ့ Haenim မြင် လိုက်သည်

Haenim က Kai မြင်အောင် Kris ပါးကို နမ်းပြလိုက်သည် Kris လဲထင် မထားသည် မို့ လန့်သွားသည်

Kris: မင်းဒါဘာလုပ်တာလဲ Haenim

Hae: နမ်းလိုက်တာလေ Oppa ကိုချစ်လွန်းလို့

ခုထိ Kris တစ်ယောက် Kai ကိုမမြင်သေး

Soo: ဒီဟာမ တော့ ငါလုပ် ရင်သေ တော့မယ်

Chen Soo ကိုဆွဲထားရင်း

Chen: Soo မလုပ်နဲ့လေဟာ စိတ်ကိုလျှော့ပါဟ

Soo နဲ့Chen အသံကို ကြား၍ Kris လှည့်ကြည့်လိုက် ရာ Kai ကို တွေ့သွားသည်

Kris: Kai ရောက်နေတာကြာပြီလား

Kai: သိပ်မကြာသေးပါဘူး K romantic scene တစ်ခုကို အချိန်မီ မြင် လိုက် ရုံလေးတင် ပါ

Kai ပြုံးလိုက်သည် ဟင့်အင်း ဒါသူသ ဘောကျတဲ့ Kai ပြုံးတဲ့အပြုံးမဟုတ်ဘူး Kai က မဲ့ပြုံးမပြုံးတတ်ဘူး မခနဲ့တတ်ဘူး Kris စိတ်ထဲမှာ တုန်လှုပ်သွားသည် သူ့ကြောင့် Kai စိတ်မှာ အရိပ်မည်းတချို့ ထင်နေပြီလား ဒီလိုတော့ သူအဖြစ်မခံနိုင် ပါ

Hae: အချိန်မီတွေ့လိုက် ရတာပဲ ကံကောင်းတာပေါ့နော် Kai shi

Kai ဘာမှပြန်မ ပြောပါ Haenim ကိုသာ စိုက်ကြည့်နေသည့် Kai ကို ကြည့်ရင်း Lu နဲ့ Soo စိတ်ပူလာရသည် Kai ရဲ့ ဒီလိုအကြည့်မျိုး သူတို့ တစ်ခါမှ မမြင် ဖူးပါ အရမ်းကိုအေးစက်တဲ့ အကြည့်မျိုး ဒါ Kai ရော ဟုတ် ရဲ့လား Kai က ဒီလိုမျိုးမှ မကြည့်တတ်တာ

First Love & Last LoveOnde histórias criam vida. Descubra agora