Episode 4

3.3K 237 18
                                    

Next day at Soo's home

Lu: ဟဲ့ အိပ်ပုပ်မ ၂ယောက်ထကြ တော့ ၈နာရီကျော်နေပြီ

Soo: hmmm ထရ တော့မှာလား ထချင်သေးပု

Kai: အင်း ထပြီ ထပြီ

Soo: ထချင်သေးပါပုဆို! Kai မထနဲ့ ပြန်အိပ်

Kai: အမ် သူ့ဘာသူ မထရုံအပြင် နာ့ကိုပါ ပြန်အိပ်ခိုင်းနေတယ်

Soo က တော့ပြောချင် ရာပြောပြီး ဘေးစောင်းကာ ဆက်အိပ်နေသည် Kai ကို Lu မျက်စပစ်ပြလိုက်တော့ Kai ကုတင်ပေါ်ကထပြီး အောက်ထပ်ဆင်းသွားသည် ပြန်တက်လာတော့ လက်ထဲမှာ စတီးရေခွက် တစ်ခုပါလာသည်

Kai: စတီးခွက်ကို တော်တော် ရှာယူလိုက် ရတယ် အောက်မှာ ဖန်ခွက်တွေချည်းပဲ တော်သေးတယ် Ommonyi ရှာပေးလိုက်လို့

Soo ကိုကြည့်တော့ အိပ်ကောင်းတုန်း Kai Lu လက်ထဲကို ရေခွက်ထည့်ပေးလိုက်တော့ Lu က Soo နားရွက်မှာ ရေခွက်ကို အုပ်လိုက်ပြီး ခွက်ဖင် ကို လက်နဲ့တောက် လိုက်သည် 

    " တောင် "

Soo: Ah!!! Yah! နားအူသွားပြီဟ ရေခွက်ကို နားကိုအုပ်ပြီး တောက် ရလား !! (စတီးသောက်ရေခွက်ကို နားမှာအုပ်ပြီး ခွက်ဖင် ကိုလက်နဲ့ ခပ်ပြင်းပြင်းလေး တောက်လိုက် ရင် နားထဲမှာ မခံမရပ်နိုင်အောင် အူတတ်ပါသည် မယုံရင် နီးစပ် ရာသူငယ်ချင်းကို စမ်းကြည့်ပါ ဟီး ဟီး)

Kai: နင် မှမထတာလို့

Soo: ထပြီဟာ ထပြီ နားကို အူသွားတာပဲ

Lu: ရေချိုးအ၀တ်အစားလဲ ပြီးရင် အပြင် လျှောက်သွားကြမယ်

Soo တို့အိပ် ရာကထပြီး အပြင် သွားဖို့ပြင် ဆင်ကြသည်

Lu: သွားမယ်သွားမယ် ဗိုက်ဆာပြီ နံရိုးပေါင်း သွားစားရ အောင် နော် နော်

Soo: အေး စားမယ် စားမယ် Kai နင် အဲ့ပုံပဲ ၀တ်ပြန်ပြီလား ဂါဝန်ဖြစ်ဖြစ် စကတ်ဖြစ်ဖြစ် ၀တ်ပါဆိုမှပဲ

Kai က သူဝတ်နေကြပုံအတိုင်း T-shirt နဲ့ Jean ကိုသာ ၀တ်ထားပြီး ကျောလယ်ကျော်သော ဆံပင်တွေကို ဖြန့်ချထားသည် Soo နဲ့ Lu က ဂါဝန်ဝတ်ထားပြီး ဖဲပြားပုံကလစ်လေးတွေ ဆင် တူတပ်ထားကြသည်

First Love & Last LoveWhere stories live. Discover now