Episode 15

851 80 20
                                    

ရင်​ခွင်​ထဲတိုးဝင်​ရင်းစကားဆိုလာတဲ့ Kai ကို Kris ငုံ့ကြည့်​ကာ သူ့အတွက်​သာသူ​တွေးမိပြီး ထင်​တိုင်းကြဲခဲ့​သောလုပ်​ရပ်​​တွေအတွက်​ ပထမဆုံးအကြိမ်​​ ​နောင်​တရမိသည်

Kris: Kai ကိုယ့်​ကို ကြည့်​ပါဦး

မော့ကြည့်​လာ​သော အဖြူထည်​မျက်​ဝန်း​လေး​တွေ ချစ်​လိုက်​တာ Kai ရယ်

Kris: ကိုယ်​ Kai နားကလွဲပြီး ဘယ်​သူ့ဆီကိုမှ မသွားဘူး ​ဝေးလဲမ​ဝေးဘူး Kai ကိုလဲ ခွဲမသွားဘူး​နော်​ ကိုယ်​ကတိ​ပေးတယ်

ကျေ​ကျေနပ်​နပ်​​လေး ပြုံးပြလာတဲ့ အပြုံးတစ်​စုံနဲ့ Kai ကို ပိုတိုး၍သာ ဖက်​ထားမိသည်

ဒီ​ကောင်​မ​လေးသာ အနားမရှိရင်​ သူရူးသွားမလား မသိ​အောင်​ကို ချစ်​​နေမိသည်​​လေ

Kai's Pov: ယုံချင်​ပါတယ်​ K ရယ်​ ဒါ​ပေမဲ့ ​ကြောက်​တယ်

Kai ရဲ့အ​ကြောက်​တရားတို့ တကယ်​ဖြစ်​လာ မဖြစ်​လာ Kris ရဲ့ ကတိစကား​တွေ တကယ်​တည်​နိုင်​ မတည်​နိုင်​က​တော့ .....

Chanyeol လူရှင်းတဲ့ ကမ်းစပ်​တစ်​​နေရာတွင်​ တစ်​​​ယောက်​တည်းထိုင်​ရင်း ​တွေး​နေမိသည် ဒဏ်ရာတွေ အနာကျက်စ ပြုကာမှ အနာဟောင်းကို ပြန်ဆွပေးချင်တဲ့ ကံကြမ္မာကို ဟားတိုက်သာ ရယ်လိုက်ချင်တော့သည် အချစ်နှင့်ပတ်သက်လျှင် ကံခေလွန်းလှသည့် သူ့ဘဝကိုလည်း စိတ်နာသည် လူတွေရဲ့ အဝေးမှာ နေလိုက်လျှင် သက်သာသွားမလား သူမသိတော့

Baek : Chanyeol

Baekhyun ခေါ်နေတာကို သူပြန်မထူးမိ

Baekhyun လည်း Chanyeol ဘေးတွင် ထိုင်လိုက်ရင်း

Baek: မင်းတစ်ယောက်တည်း ကြိတ်မခံစားနဲ့စမ်း အရိုး ငါရှိသေးတယ်လေကွာ

Yeol: ငါ တစ်နေရာမှ တစ်ယောက်တည်း သွားနေလိုက်ရင် အေးချမ်းသွားမလား ငဘတ်

Baek: မင်းက ငါတို့ အားလုံးကို ထားသွားမလို့လား

Yeol: ငါမပြောတတ်ဘူး သေချာတာကတော့ အရမ်းပင်ပန်းတယ်

You've reached the end of published parts.

⏰ Last updated: Dec 04, 2017 ⏰

Add this story to your Library to get notified about new parts!

First Love & Last LoveWhere stories live. Discover now