Episode 11 (Part 2)

2.9K 247 8
                                    

At Breaktime

ထမင်းစားချိန်ရောက်တော့ Nora က ထုံးစံအတိုင်း Kris ကို လာစောင့်နေသည်

Kai: ဟိုမှာ Nora စောင့်နေပြီလေ K သွားတော့

Kris: Kai မသွားနဲ့ဦးနော် ကိုယ့်ကို ခဏ စောင့် ကိုယ်ပြန်လာခဲ့မယ်

Kris Nora ဆီိကို လျှောက်သွားပြီး

Kris: Nora Sorry ကွာ ကိုယ်မင်းနဲ့ ထမင်း စားဖြစ်တော့မှာ မဟုတ်ဘူး နောက် ရက်တွေလဲ ကိုယ့်ကို မ စောင့်နဲ့တော့

Nora: ဘာဖြစ်လို့လဲ Oppa ရယ် Nora ဘာလုပ်မိလို့လဲ

Kris: ဘာမှမဖြစ်ပါဘူး ကိုယ် Kai ကို အချိန်မ ပေးတာများနေပြီလေ ကိုယ်မင်းကို ဖြတ်တာ မဟုတ်ပါဘူး နောက်မှ သက်သက်တွေ့တာပေါ့

Nora လှည့်ပြန်ခဲ့သည် Kris က မ စောင့်ပါနဲ့ ဆိုမှတော့ သူလှည့်ပြန် ရုံကလွဲလို့ ဘာတတ်နိုင် မှာလဲ ဒါပေမဲ့ Kris Kai ကို ဘာလို့ ဒီလောက် အ ရေးပေးနေလဲ နားမလည် အရမ်းချောတဲ့သူလဲ မဟုတ်ဘဲနဲ့ Haenim နဲ့ ကိစ္စကို ကြားတုန်းကလဲ Nora အံ့သြ ရသည် Kai ဆိုတာ Haenim နဲ့ ဘယ်လိုမှ မယှဉ်နိုင် တဲ့ သူပါ စာတော်တာကလွဲလို့ပေါ့ Kris ရဲ့ စိတ်က ခန့်မှန်းရ ခက်ပါလားနော်

Kai ဆီကို Kris ပြန်သွားပြီး

Kris: လာလေ Kai Canteen သွားရ အောင် ကိုယ်ဗိုက်ဆာပြီ

Lu: ဘုရားဘုရား ငါနားကြားများ မှာရော့သလား

Soo: နင့်ဟာမ တွေနဲ့ သွားမစားဘူးလား မိုးကြိုးနဲ့မှ ကျားသား

Kris: မစကြနဲ့ဟာ လာ Kai သွားမယ်

Kris ရှက်သွားသည်ထင့် Kai လက်ကိုဆွဲပြီး Canteen ကို ခပ်သုတ်သုတ် ထွက်သွားသည်

Kris ခြေငြိမ်နေတာ ၃ရက်လောက် ရှိပြီ တခြား ကောင် မ လေးတွေနဲ့လဲ မ တွေ့တော့ သူ Kai ကြောင့်များပြောင်းလဲလာပြီလားဟု Kai မ၀ံ့မရဲ တွေးမိသည် Kai ကိုလဲ ဂရုစိုက်တတ်လာသည် စာသင် ချိန်မှာလဲ အာရုံစိုက်သည် ထမင်းစားရင် လဲ တခြားမိန်းက လေးတွေနဲ့ သွားမစားတော့ Kai နားမှာပဲနေသည် စိတ်ကူးပေါက် ရင် Kai ကို ခွံ့သေးသည် အ ပြောင်းအလဲမြန်လွန်းသော Kris ကို Kai နားမလည်နိုင်ပေမဲ့ Kai ပျော်နေရတာတော့ အမှန်ပါ

Kris ပြောင်းလဲလာတာကို Lu Soo Chen တို့လဲ သတိထားမိပြီး အံ့သြ နေကြသည် ငယ်ငယ်တည်းက ပေါင်းလာတဲ့ Sehun နဲ့ Xiumin တောင် အထူးအဆန်းတွေ ဖြစ်လို့

Lu: ခုတ လော Kris တော်တော်ကို ငြိမ်နေတယ်နော် ဘယ်သူနဲ့မှလဲ မ တွေ့ဘူး ဘယ်သူနဲ့မှလဲ မတွဲဘူး

Hun: ဟုတ်တယ် Lu လေးရဲ့ ငြိမ်နေတာတော့ အမှန်ပဲ Kai ကိုလဲ ဂရုစိုက် တယ်

Chen: သူ Kai ကြောင့် ပြောင်းလဲသွားတာ ဖြစ်မလား မသိဘူးနော်

Xiu: ဒါဆိုရင် လဲ ကောင်းတာပဲကို

Soo: ငါတော့ သူ့ကို သိပ်မယုံဘူး ဘယ်လောက်ကြာကြာခံပြီး ဘယ်ချိန် ဗွေထ ဖောက်မလဲဆိုတာ စောင့်ကြည့်ဦးမယ်

Kai သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ထင် ရာမြင် ရာ ပြောနေတာတွေကို တစ်ခွန်းမှဝင် မ ပြောမိ Lu တို့ ပြောသလို Kai အတွက်ပြောင်းလဲလာတာဆိုရင်တော့ တစ်လောကလုံးမှာ အ ပျော်ဆုံး မိန်းက လေး Kai ဖြစ်မှာ သေချာသည် အကယ်၍များ Soo ပြောသလို အခိုက်အတန့်ဆိုရင်ရော တွေးရခက်လိုက်တာနော်

Kris ရယ် နားလည် ရသိပ်ခက်ပါလား Kai တစ်ခါလောက်တော့ ယုံကြည့်ချင် သည် လက် ရှိမှာ Kris ကြောင့် ပျော်နေရပြီလေ ကျန်တာတွေကို ရှည် ရှည်ဝေးဝေး မစဉ်းစားချင်တော့ပါ

သို့သော် Kris ရဲ့ ပြောင်းလဲမှုနဲ့ Kai ရဲ့ ပျော်ရွှင် မှုတွေဟာ မုန်တိုင်းမလာခင် လေ ပြေ လေညှင်းတွေ အရင် လာတတ်သလို ဖြစ်မယ်ဆိုတာ Kai တစ်ယောက်သိခဲ့ရင်တော့

~    ~     ~     ~     ~     ~     ~     ~     ~     ~

အပ်ပုဒိတ်တာ စာကျန်ခဲ့လို့ Jinja Miyanae!

Kai နဲ့ Kris ကြားဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြပါဦးနော်

Votes & Comments တွေ မျှော်နေပါတယ် လို့

Thank You XO Much for Reading!! 90° Bow

First Love & Last LoveWhere stories live. Discover now