episode-1

1K 49 0
                                    

u n i c o d e

ချုံချင်းမြို့ကားလမ်းမကြီးတစ်ခုရဲ့ဘေး.....

ပြိုင်ကားအကောင်းစားကြီးကိုမှီပြီးအရက်သောက်နေတဲ့မိန်းကလေးတစ်ယောက်သူမကတော့ရှောင်းယွီဖေးပင်။

မကြာသူမရှိရာကားနားကိုကပ်ရပ်လာတဲ့ကားတစီးထိုကားပေါ်ကနေဆင်းလာတဲ့သူကတော့သူမရဲ့တစ်ဦးတည်းသောသွေးသားဖြစ်တဲ့သူမရဲ့ဦးလေးရှောင်းရှောင်ကျန့်။

"ယွီလေး  ဒီမှာဘာလုပ်နေတာလည်း
အရက်တွေသောက်တာလေးငယ်မကြိုက်တာသိရဲ့သားနဲ့''

ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထိုးထည့်ကာစမတ်ကျကျ သူ့မဆီတစ်လှမ်းချင်းလှမ်းလျောက်လာရင်းမပျော့မမာလေသံနဲ့ဆူနေတဲ့လေးငယ်....

အသက်28နှစ်ရောက်သည့်တိုင်အိမ်ထောင်မပြုပဲသူမကိုပဲအဖေလိုတစ်မျိုးအမေလိုတစ်မျိုးဦးလေးလိုတစ်ဖုံချစ်ပေးခဲ့တယ်။အကိုတစ်ယောက်လိုလည်းကာကွယ်ပေးခဲ့တယ်။ သူမဆိုးသမျှသည်းခံပေးပြီးသူမလိုချင်တာမှန်သမျှရအောင်ဖြည့်ဆည်းပေးခဲ့တဲ့အပြင်သူမကိုလည်းမိဘမဲ့ဆိုပြီးမျက်နှာမငယ်ရအောင်ထားခဲ့ပေး ပြန်တယ်။သူမရဲ့အလိုမတူမှုအောက်မှာလေးငယ်ဟာဘယ်လိုမိန်းကလေးမျိုးယောကျ်ားလေးမျိုးကိုမှအနားကပ်မခံပဲလက်တွဲဖော်မရှိတစ်ယောက်တည်းအဖော်မဲ့အထီးကျန်ရတယ်။ဒါလည်းမည်သို့မျှအပြစ်မဆိုပဲအပြုံးမပျက်ချစ်ပေးပြန်တယ်။

သူမကိုအရာအားလုံးပေးဆပ်ထားတဲ့သူမရဲ့ဦးလေးကသူမ,မသိနိုင်တဲ့မသိခဲ့တဲ့အရာတစ်ခုကိုလည်းသူမကိုပေးဆပ်ထားပြန်တယ်။အဲ့ဒီအရာဟာသူမဦးလေးရဲ့ပထမဆုံးအချစ်ဖြစ်တဲ့သူမဦးလေးရဲ့ နှလုံးသားလေးဖြစ်တယ်။ထိုအကြောင်းအရာကိုသူမဦးလေးကသူမကိုသိပ်ချစ်တဲ့အတွက်ဘယ်တော့မှပြောပြမှာမဟုတ်ပြန်ဘူး။

"လေးငယ် လိုက်မလာပါနဲ့ဆို ဖုန်းဆက်ပြီးအသိပေးတာစိတ်ပူမှာဆိုးလို့လေ လိုက်လာဖို့မှမဟုပဲ...အ့လိုသာလုပ်နေရင်နောက်တစ်ခါအကြောင်းမကြားတော့ဘူး''

သူမရဲ့စကားအဆုံးမှာတစ်ချက်တစ်ချက်ဖြတ်သွားတတ်တဲ့ကားတေရဲ့မီးရောင်သာရှိနေတဲ့ဒီလိုနေရာမှာတောင်ချောမောကာတည်ကြည်ခန့်ငြားနေတဲ့လေးငယ်ရဲ့ပါးပေါ်မှာပါးချိုင့်ရေးရေးလေးထင်တယ်

love that never looks back(2version)Where stories live. Discover now