episode-2

568 42 0
                                    

u n i c o d e

''ဝှားး....အင်းးး ဦး''

ရိပေါ်တစ်ညလုံးgameဆော့ပြီးအိပ်ရေးပျက်ထားတဲ့အပြင်နောက်နေ့လည်းမနက်စောစောထကာခရီးသွားရသည်ကြောင့်လူကအရမ်းကိုအိပ်ချင်နေတာမို့တစ်လမ်းလုံးအိပ်လိုက်လာတာဘယ်လိုဘယ်လိုဘာလီကျွန်းကိုရောက်လာမှန်းမသိ နောက်ဆုံးမှတ်မိတာကယွီဖေးကိုရန်လုပ်ပြီးသူဦးကိုချီခိုင်းလိုက်တာပင်။

ယခုနိုးလာတော့ဘေးကနေရာလွတ်ကိုလက်စမ်းလိုက်သော်လည်းမည်သူမှရှိမနေ....

'ဘာလည်း....ဦးကငါကြောက်တတ်တာသိရဲ့သားနဲ့တစ်ခန်းသက်သက်ငှားပေးထားတာလား'

"ကလေးငယ် နိုးပြီလား ထရေသွားချိုး ညစာစားမယ် လည်ပတ်ဖို့ကတော့မနက်ဖြန်မှပဲပေါ့''

အတွေးတို့မှမဆုံးသေထွက်ပေါ်လာသောဦးရဲ့အသံ

"ဟုကဲ့''

ရိပေါ်ရေချိုးပြီးထွက်လာတော့ဦးကညစာစားဖို့အသင့်ပြင်ပြီးနေပြီဖြစ်သည်...

"အိုက်ယိုး....ပင်လယ်စာတွေ
ကျွန်တော့အကြိုက်တေကြီးပဲ ဦးကအားကြီးချစ်ဖို့ကောင်း''

ပြောရင်းလက်က scallop လေးတစ်တုံးကိုနှိုက်စားလိုက်သည်။

"ဝမ်လေး အ့လိုလက်နဲ့မနှိုက်ရဘူးလေ ဇွန်းတွေတူတွေကိုယ်မပြင်ပေးထားလို့လား''

"ဟီး....သွေ့ပုချိ  ဒါနဲ့ဟိုဂျပုမရော''

"ခေါ်ပြန်ပြီ  ကြားရင်ဒေါသအိုးကလုပ်ဦးမယ်''

"ဦးမသိလို့  အ့လိုနောက်ကွယ်မှာခေါ်ရတာကပိုအရသာရှိတယ်''

ရှောင်ကျန့်ကတော့ရိပေါ်ကိုမနိုင်ဘူးဆိုသည့်ပုံဖြင့်သာခေါင်းကိုအသာခါရမ်းပြီး...ထိုလုံးလုံးလေးစားဖို့သာတူနဲ့ပုစွန်အသားတေကိုညှပ်လို့ဆော့စ်နဲ့တို့ပေးရင်းပါးစပ်ထဲအရောက်ခွန့်လိုက်သည်။
တူမကိုပလစ်ပြီးတိတ်တစ်ခိုးချစ်ရသူနဲ့အခုလိုလေးပဲနေရလည်းကျေနပ်ပါတယ်။ ရှောင်ကျန့်ဆိုတဲ့သူငှေးကြီးကတော့သူများတေလိုချစ်ရသူစားဖို့ဆိုပြီးလက်အိတ်ကြီးဝတ်ပြီးပုစွန်အခွံထိုင်ခွာနေစရာမလို။ ထိုသို့မလိုအောင်လည်းတစ်တောင်လောက်ရှိသည့်ကျောက်ပုစွန်ကိုမှာပြီးပုစွန်သားအစိမ်းရော...အကျက်ကိုရောသေချာပြင်လာခိုင်းထားပြီးသားပင်။ ရုပ်ရှင်ထဲက boyfriend material ကြီးတေကတော့လက်အိတ်ကြီးဝတ်ပြီးအလုပ်ရှုပ်ခံပေမယ့်...မိမိကတော့ချစ်ရသူအနားကပ်ရတဲ့နည်းပါးလွန်းသောအချိန်လေးတွေကိုထိုသို့မဖြုန်းပစ်နိုင်ပေ။

love that never looks back(2version)Where stories live. Discover now