episode-3

591 41 5
                                    

u n i c o d e

"ဟေ့ရောင်တွေ ဟိုမှာကြည့်စမ်း စောက်ခြောက်တွေ''

ရှောင်ကျန့်လက်စွပ်လေးကိုငေးကြည့်ရင်းကြားလိုက်ရတဲ့စကားသံနှင့်အတူရိပေါ်ကိုနောက်ကျောကနေဝင်တိုက်လိုက်တဲ့လူတစ်ယောက်။ ရိပေါ်လက်ထဲကလက်စွပ်လေးရဲ့လားရာကတော့အရက်ခွက်ထဲသို့။ ရိပေါ်ကသူ့ကိုဝင်တိုက်တဲ့သူကိုလှည့်ကြည့်တဲ့အခါထိုလူကရိပေါ်ကိုလက်ခလယ်ထောင်ပြတာမို နကိုထဲကအရက်လေးဝင်ပြီးမူးချင်နေတဲ့ရိပေါ်ကသွေးဆူလွယ်ကာထိုလူကိုထိုးရန်ပြင်ကာထိုလူ့ကော်လံကိုစောင့်ဆွဲကာရင်ဘတ်ကိုတွန်းလွှတ်ရင်းထိုးချလိုက်သည်။

ထိုအခါတစ်ဖက်လူရဲ့လူတေကပါပြေးရောက်လာတာကြောင့်အခြေအနေမဟန်မှန်းသိတဲ့ရှောင်ကျန့်ကအရက်ခွက်ထဲကလက်စွပ်ကိုလက်ဖြင့်သာအမြန်နှိုက်ယူလိုက်ပြီးရိပေါ်ကိုလက်ကဆွဲလို့အပြင်ကိုသာပြေးထွက်လာခဲ့လိုက်သည်။ ဒါတောင်ဟိုလူတွေကအနောက်ကလိုက်လာတာမို့ခွေးပြေးဝက်​ပြေးပြေးရင်းမိုးတွေပါရွာချလာသည်မို့နှစ်ယောက်လုံးကြွက်ဟုတ်လေးအလားပင်။ ကားပါကင်ဘက်ကိုပြေးလာပြီးမိမိကားကိုပြေးရင်းရှာရသည်ကားကိုတွေ့တော့.ေရှာင်ကျန့်ကရိပေါ်လက်ကိုဆွဲချလိုက်ကာကားဘေးနားကပ်ပြီးထိုင်ကာနှစ်ယောက်သားပူးကပ်စွားပုန်းနေလိုက်ကြသည်။ ခနအကြာခြေသံတေကြားရပြီးပြန်လှည့်ထွက်သွားသံကြားတော့မှသက်ပြင်းချနိုင်လိုက်ရသည်။

ကားပါကင်ကအမိုးလွတ်မို့မိုးရေတွေကနှစ်ယောက့်လုံးကိုယ်ပေါ်မှာစိုရွှဲနေသည်။ ထို့အပြင်ဒီနေ့မှနှစ်ယောက်လုံးကလည်းအတွင်းမှာရှပ်အ​ြဖူအပါးလေးတွေဝတ်ထားတာမို့မိုးရေတေကြောင့်ကပ်ပြီးအတွင်းသားတွေကိုပါမြင်နေရသည်။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြည့်နေမိတာစက္ကန့်ဝက်လောက်အထိပင်။ ပြီးမှရိပေါ်ကအရင်အကြည့်လွှဲကာမတ်တပ်ထရပ်လိုက်သည်။

___________________________________

တူညီနေပြန်တဲ့အတွေးတို့ကြောင့်ရိပေါ်ကပြုံးရီနေရာမှမျက်နှာတည်သွားကာမျက်နှာကိုရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်ကနေအကြည့်တွေကိုလွှဲပစ်သည်။ ရှောင်ကျန့်ကထိုနေ့ကကိစ္စကိုမရှိသလိုနေပေးခဲ့ပေမယ့်မျက်နှာပျက်ယွင်းစွာအကြည့်တို့ကိုရှောင်လွှဲသွားတဲ့ရိပေါ်ကြောင့်တစ်ဒင်ဂစိတ်လွတ်သွားမိသည်။

love that never looks back(2version)Where stories live. Discover now