episode-4 final

753 39 1
                                    

u n i c o d e

ရှောင်ကျန့်ဆုံးပြီးသုံးလအကြာမှာရိပေါ်ဟာကိုယ့်ကိုသတ်သေဖို့ငါးကြိမ်တိတိပြုလုပ်ခဲ့ပြီးပြီဖြစ်တယ်။ ရိပေါ်မိဘတွေကလည်းတငိုငိုတရီရီဖြစ်နေကာသူတို့သားအတွက်စိတ်မကောင်းပေ။ အိမ်တော်ထိန်းပိုင်လော့ဟာရိပေါ်ကိုရှောင်းအိမ်တော်ကိုခေါ်လာခဲ့ဖို့ဝမ်အိမ်တော်ကိုအကြံပြုတဲ့အခါလက်ခံခဲ့တယ်။ ရှောင်းအိမ်တော်ထိန်းပိုင်လော့ဟာရိပေါ်ရဲ့စိတ်အခြေအနေကိုအကဲခတ်ပြီးအလိုက်ထိုက်ဆက်ဆံတယ်ရိပေါ်အလိုကျနေပေးပြီးချော့မော့ကာစိတ်ကျန်းမာရေးဆရာဝန်နဲ့ကုစေခဲ့တာနှစ်နှစ်ကြာမှပြန်ကောင်းလာခဲ့တယ်။

စိတ်ကျန်းမာရေးဆရာဝန်ကိုပြရတဲ့အကြောင်းရင်းကတော့ရိပေါ်ဟာည,ညဆိုအိပ်မပျော်နိုင်ပဲအိမ်မက်ဆိုးတွေ
ပဲမက်ကာလန့်နိုးလာတတ်တယ်။ ထိုအိမ်မက်ဆိုးတွေဟာလည်းတူညီနေပြန်တယ်။ ဦးကသူ့ကိုထားသွားတယ်။ မုန်းတယ်တဲ့။ သူ့အသက်မသေမချင်းသူ့ကိုခွင့်မလွှတ်ဘူးတဲ့။ ကလေးငိုသံတွေ
​အကျယ်ကြီးကြားရတယ်။ ထိုသို့သောအကြောင်းအရာတွေ ပဲဖြစ်နေတတ်ပြီးရိပေါ်ဟာရှောင်ကျန့်နဲ့သူ့သွေးသားသေဆုံးသွားရခြင်းကသူ့အပြစ်ကြောင့်၊သူသတ်လိုက်မိတာဆိုတဲ့စိတ်အစွဲကြီးရှိနေတာကြောင့်ဖြစ်တယ်။ ယွီဖေးကလည်းရိပေါ်ကိုဘေးကနေအပြည့်အဝကူညီစောင့်ရှောက်ပေးတယ်။ သူမကလည်းသူမကိုယ်သူမလေးငယ်သေဆုံးမှုမှာအပြစ်ရှိတယ်လို့ခံယူထားပေမယ့်သူမရဲ့စိတ်အခြေအနေကပျက်စီးမသွားဘူး။ဆယ်ကြိမ်မြောက်ရိပေါ်ရဲ့သေကြောင်းကြံမှုအပြီးမှာရှောင်းအိမ်တော်ထိန်းပိုင်လေ့ာကရိပေါ်ကိုခေါ်ပြီးရှောင်ကျန့်အခန်းကိုလိုက်ပြခဲ့တယ်။
​ေရှာင်ကျန့်ငယ်ငယ်ကပုံတစ်ချို့ကိုပြရင်းပုံလေးတွေရဲ့ရာဇဝင်ကိုပြောပြခဲ့တယ်။ ရှောင်းအိမ်တော်ထိန်းပိုင်လော့ဟာရှောင်ကျန့်အကြောင်းနားထောင်နေရတဲ့ရိပေါ်ရဲ့မျက်ဝန်းတွေကတလက်လက်နဲ့တောက်ပနေတာကိုမြင်တွေ့ခဲ့ရတယ်။ဒါကြောင့်သူဟာရိပေါ်ကိုကမ်းလှမ်းခဲ့တယ်။

"ဝမ်လေးက သခင်လေးအကြောင်းနားထောင်ရတာကြိုက်လား''

"အင်း ကြိုက်တယ် သိချင်တယ် များများပြောပြပေးနော်''

love that never looks back(2version)Where stories live. Discover now