သူ မျက်၀န်းများအား ဖွင့်လိုက်သည်နှင့် ရင်းနှီးသော မျက်နှာကြက်က သူ့အား ဆီး၍ကြိုသည်။
နေရောင်ခြည် ဖျော့ဖျော့ ၀င်ရောက်နေသည့် သူ့အခန်းအား ပတ်ပတ်လည် ကြည့်လိုက်မိသည်။ သို့သော်လည်း ဤအခန်းထဲသို့ သူ ဘယ်လိုရောက်ရှိလာမှန်း သူ မမှတ်မိတော့။
“အ့”
အိပ်ရာမှ ကုန်းရုံးထလိုက်သည်နှင့် ဆစ်ကနဲ ဖြစ်သွားသည့် ဦးခေါင်းထက်မှ ဝေဒနာကြောင့် သူ ညည်းညူလိုက်မိသည်။
အရှိန်ငြီးငြီး တောက်လောင်နေသည့် မီးခဲပမာ ပူပြင်းနေသည့် သူ့ကိုယ်ငွေ့ကြောင့် သူ အံ့ဩတကြီး ဖြစ်သွားရသည်။
သူ ဘယ်အချိန်ကများ ဖျားသွားသလဲဆိုတာ သူကိုယ်တိုင်ပင် မသိ။
သူ့ခြေသူ့လက်များသည် ဦးနှောက်၏ အမိန့်အား မနာခံချင်သည့်နှယ် လေးလံ၍ နေကြသည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင် တစ်အိမ်လုံးတွင် သက်ရှိလူသား ဟူ၍ သူ တစ်ဦးတည်းသာ ရှိသည်။
အရင်လို နေ့လည်စာ ထမင်းချိုင့် အဆင်သင့်မရှိနေသည့်အတွက် သူ့မိဘနှစ်ပါး သူ့အား ကျောင်းမသွားစေချင်ဟု သူ့ဘာသာသူ သတ်မှတ်လိုက်သည်။
အချိန်အားဖြင့် နံနက် ၇နာရီကျော်လွန်ဖြစ်သော်လည်း မြူငွေ့သည်းသော ဟေမာန်ဆောင်းကာလ ဖြစ်သည်မို့ ပတ်၀န်းကျင် တစ်ခုလုံး အုံ့အုံ့ဆိုင်းဆိုင်းသာ ရှိသေးသည်။
ရုတ်တရက် သူ မနေ့က အဖြစ်အပျက်အား သတိရသွားသည်။ အားအင်နဲ့နေသည့် သူ့ခြေထောက်များသည် ဦးနှောက်၏ သိလိုစိတ် ပျင်းပြမှုအား မတားဆီးနိုင်ခဲ့။
“ဟင်”
ပညာရေးမှ လွဲ၍ မည်သည့်အရာကိုမှ စိတ်ပူပန်ခြင်း မရှိသော သူ့မိဘနှစ်ပါးသည် ထူးထူးဆန်းဆန်းပင် ခြံတံခါးအား အပြင်ဘက်မှ သော့ခတ်သွားသည်။
သို့သော်လည်း ကိုယ်ပိုင်သော့တစ်ချောင်းစီ ဆောင်ထားရသော သူ့မိသားစု ထုံးစံကြောင့် သော့ခလောက်တစ်ခုသည် သူ့ခြေလှမ်းများအား အနှောင့်အယှက် ပေးနိုင်စွမ်း မရှိပါချေ။
YOU ARE READING
Neverland (Completed)
Short Storyဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..