အတိတ်ခရီးရှည်ကို လည်ပတ်ပြီးနောက် သူ မောပန်းစွာဖြင့် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်မိသည်။တဂျုံးဂျုံး တဂျက်ဂျက် ရွေ့လျားနေသော ရထားကြီးသည် တံတားကြီးကိုပင် ဖြတ်သန်းနေချေပြီ။
သူ ရထားအပြင်ဘက်ကို ငေးကြည့်ချင်လှသော်လည်း မဝံ့ရဲသဖြင့် ခေါင်းကိုသာ ငုံ့ထားမိသည်။
“ရေသန့်ဘူး ယူဦးမလား အစ်ကို”
အခုထိ ဈေးခေါ်၍ မပြီးနိုင် ဖြစ်နေသော ဈေးသည်ကောင်လေးအား ခေါင်းယမ်းပြလိုက်ပြီး earphones အား အသံကုန် ကျယ်လိုက်သည်။
ထို့နောက် အပြင်ဘက်အား ငေးကြည့်မိမည်ကို စိုးကြောက်သောကြောင့် သူ ထိုင်ခုံအား မှီချလိုက်ပြီး မျက်၀န်းများအား မှိတ်ထားလိုက်မိသည်။
..........................."ဘွားဘွား ဘာကြည့်နေတာလဲ။"
ဘူတာအတွင်းရှိ ခုံတန်းဖြူလေးအား ငေးကြည့်နေကာ အတွေးလွန်နေသော သူမအား မြေးမလေးသည် နားမလည်နိုင်စွာ ကြည့်ရင်း မေးခွန်းထုတ်သည်။
"ဒီခုံတန်းလေးကို မြင်တော့ တစ်ယောက်ယောက်ကို သတိရသွားလို့ပါ။"
မီးရထားခေတ်ကောင်းစဉ်က သူမသည်လည်း တစ်ခြားသူများနည်းတူ ဤဘူတာအား အမှီပြု၍
ဈေးဗန်းရွက်ကာ ၀မ်းကျောင်းခဲ့ဖူးသည်။"ဘယ်သူ့ကိုလဲ၊ အဖိုးကိုလား။"
အပျိုပေါက်အရွယ် ရောက်စ မြေးမလေးသည် သူမအား ခပ်ရွှင်ရွှင်လေး မေးခွန်းထုတ်သည်။
"မဟုတ်ပါဘူး၊ ကောင်လေးတစ်ယောက်ပါ။"
"ကံ့ကော်"ဟူသော အမည်နာမလေးအား တဖွဖွ ရေရွတ်နေသည့် ကောင်လေးအား ပြန်မြင်ယောင်လာသောအခါ သူမ ရင်တစ်ခုလုံး လေးလံသွားရသည်။
"သိပ်ကို သနားစရာကောင်းတဲ့ ကလေးလေး တစ်ယောက်ပါ။"
သူမ အသံသည် လှိုက်၍ သွားသည်၊ သူမ၏ အကြားအာရုံထဲတွင် ထိုကောင်လေး၏ "ကံ့ကော်" ဟူသော မြည်တမ်းသံကသာ ပဲ့တင်ထပ်၍ နေလေတော့သည်။
..................................
“ဟဲ့ အဲ့ဒီနေရာ မဟုတ်လား”
YOU ARE READING
Neverland (Completed)
Short Storyဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..