Chapter 5

1.7K 271 1
                                    


[Unicode]

Chapter 5

Scene - ဇာတ်ကားရိုက်ကူးရေးတွေမှာ "ဆင်း"ဆိုပြီးခေါ်လို့ sceneလို့ပဲ သုံးပါမယ်နော်။ ဒီတစ်sceneဖြစ်ရင်...ဒီsceneက ဘာညာနဲ့ အနုပညာရှင်တွေကို အင်တာဗျူးရင်ပြောကြတယ်လေ

ရှရှင်းချန် ရိုက်ကူးရေးအဖွဲ့နှင့် စတင်ချိတ်ဆက်ကာ ပြင်ဆင်စရာရှိတာတွေ စတင်ပြင်ဆင်ပြီး နှစ်ရက်အကြာမှာတော့ "မျောလွင့်နေသော အနာဂတ်" ရုပ်ရှင်ဇာတ်ကား၏ ရိုက်ကူးရေးမှာ တရားဝင် စတင်ခဲ့သည်။

Sceneတော်တော်များများကို စတူဒီယိုမှာပဲ ရိုက်ဖြစ်သည်။ ရှရှင်းချန် အဝေးကနေ ဆက်တင်ဆောက်ထားသည့် သုံးထပ်အဆောက်အအုံကို တွေ့လိုက်ရပြီး မသိစိတ်က ဇာတ်ညွှန်းထဲမှ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေးနေမိသည်။

တက္ကသိုလ် ပထမနှစ်ရဲ့ နွေရာသီမှာ ဖန်းကျန်းယွမ် သူ့တိုက်အိမ်ရဲ့ သုံးထပ်မြောက်အလွှာကို ချောချောခန့်ခန့် အသက်သုံးဆယ်ဝန်းကျင် ယွီဟိုင်ယန်ကို ငှားရမ်းကာ နွေးထွေးစွာကြိုဆိုခဲ့သည်...

ရိုက်ကူးရေးဖွင့်ပွဲကို ရိုးရိုးရှင်းရှင်း လုပ်ပြီး ရိုက်ကူးရေး စတင်ခဲ့သည်။ ဒီနေ့ ပထမဆုံးရိုက်မည့် အခန်းက ဖန်းကျန်းယွမ်နှင့် ယွီဟိုင်ယန်တို့ ရဲ့ ပထမဆုံးအကြိမ်း စည်းကျော်မိကြသည့် sceneဖြစ်သည်။

ရိုက်ကူးရေးနေရာမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေ ဟိုဟိုဒီဒီ ပြေးလွှားကာ ရိုက်ကူးရေးအတွက် ပြင်ဆင်နေကြသည်။ ဟောကျန်းက လက်ထဲမှာ ဇာတ်ညွှန်းစာအုပ်ကိုင်ထားပြီး ယန်ယိုမင်နှင့် ရှရှင်းချန်တို့ကို ရိုက်ကူးမည့်sceneနှင့်ပတ်သက်ပြီး ပြောပြသည်။

ဟောကျန်းက ရှရှင်းချန်ဘက်လှည့်ကာ

"ဒါက ဖန်းကျန်းယွမ်ရဲ့ ပထမဆုံးအကြိမ်၊ သူ့နှလုံးသားက အင်တင်တင်နဲ့ လက်ခံဖို့ကိုတွန့်ဆုတ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ ဒီအပေါ်ကို အလိုက်သင့် အရှုံးပေးပြီးသား"

ရှရှင်းချန် ခေါင်းညိတ်လိုက်သည်၊ သူ့ လက်ထဲရှိ ဇာတ်ညွှန်းစာရွက်မှာ ချွေးစိုကာ တွန့်ကြေလို့ စက္ကူစုတ်ဖြစ်နေပြီ။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now