Chapter 58

1.3K 206 13
                                    


ရှရှင်းချန် နှလုံးသားလေး အရိုင်းဆန်စွာ ခုန်ပေါက်သွားရခြင်းမှာ ရုပ်ရှင်ဇာတ်ကားတစ်ခုတွင် ပါဝင်သရုပ်ဆောင်ဖို့ဖြစ်လာနိုင်သည့်အခွင့်အရေးတစ်ခုကြောင့် မဟုတ်၊ ထိုအခွင့်အရေးကို သူ့အတွက် ရအောင်ယူပေးလာသည့်သူမှာယန်ယိုမင်ဖြစ်နေသည့် အချက်ကြောင့်ဖြစ်သည်။

သူ ခေါင်းလှည့်ကာ ယန်ယိုမင်ကို ကြည့်ချင်နေသည့် ဆန္ဒကို ကြိုးစားချုပ်တည်းထားရသည်၊ ဒီလိုလူမြင်ကွင်းနေရာမျိုးတွင် သူ့မျက်လုံးများက သစ္စာဖောက်ကာ သူ့ခံစားချက်အမှန်များ ထုတ်ဖော်ပြလာမှာကို သူကြောက်မိသည်။

ယန်ယိုမင်ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။ သူ လုံလုံလောက်လောက် စားပြီးသွားပုံပေါ်သည်၊ ခရင်းနှင့် ဓားကို ဘေးချကာ ထိုင်ခုံပေါ်တွင် အနည်းငယ်နောက်မှီချရင်း ဒင်းဝမ်ရွှမ်းကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။

ဒင်းဝမ်ရွှမ်းက ရှရှင်းချန်အပေါ် တော်တော်လေးကို စိတ်ဝင်စားပုံပြပေမယ့်လည်း ဘာကိုမှ ချက်ချင်းမဆုံးဖြတ်။ဇာတ်ကားထဲမှ ဇာတ်ဆောင်နေရာအတွက် လူရွေးပွဲလာရန် ရှရှင်းချန်ကို သူ့အား ဆက်သွယ်ရမယ့်နံပါတ်သာ ချန်ထားပေးလိုက်သည်။

သူတို့ မနက်စာ စားပြီးသွားချိန်တွင်တော့ ယန်ယိုမင်က ချန်းဟိုင်လန်ကို ပြောလိုက်သည်။

"ငါ အရင်သွားတော့မယ်၊ မင်း ပြန်ရောက်ရင် ငါတို့ ထပ်တွေ့ကြတာပေါ့။"

ချန်းဟိုင်လန် ထရပ်ကာ သူ့ကိုလိုက်ပို့ပေးဖို့ လုပ်လိုက်သည်။

ယန်ယိုမင် ပြောလိုက်သည် : "မလိုပါဘူးကွာ၊ ဝမ်ရွှမ်းကိုသာ အဖော်ပြုပေးလိုက်။"

ချန်းဟိုင်လန်လည်း အတင်းအကျပ်လုပ်မနေတော့။

ထိုအချိန်မှာပဲ ချိုင်မိန့်တင်းက ရှရှင်းချန်ကို ပြောလိုက်သည်။

"ရှင်းချန်၊ မင်း မင်ကောကို ဒုက္ခပေးတာတွေ များပြီ။ မင်း သွားပြီးလိုက်ပို့ပေးလိုက်။"

ရှရှင်းချန်က ထရပ်ပြီးနေပြီး ဖြစ်ကာ သူ ယန်ယိုမင်ကို ပြောလိုက်သည်။

The Star around the Sun 明日星程 [Unicode]Tempat cerita menjadi hidup. Temukan sekarang