Chapter 8

1.6K 272 13
                                    


Chapter 8

ဒီsceneအတွက် ရှိကိုရှိနေပေးရမယ့် ရိုက်ကူးရေးဝန်ထမ်းအချို့ကလွဲလို့ ကျန် မသက်ဆိုင်တဲ့လူတွေအကုန် ရိုက်ကူးရာနေရာမှ ထွက်သွားကြသည်။ ဟောကျန်းက ဘာစကားမှမပြောဘဲ မော်နီတာအနောက်ကနေပဲ တိတ်တဆိတ် ထိုင်ကြည့်နေသည်။

ဒီလူ သူ့ကို စကား ထပ်ပြောလောက်ဦးမည်ဟု မျှော်လင့်ကာ ရှရှင်းချန် ယန်ယိုမင့်ကို ကြည့်လိုက်သည်။

ယန်ယိုမင်က စားပွဲကိုမှီရပ်ပြီး စားပွဲပေါ်မှစာအုပ်ကို ကောက်ကိုင်ကာ တစ်ရွက်နှစ်ရွက်လှန်ကြည့်ပြီးနောက် ခေါင်းမော့လာပြီး ရှရှင်းချန်ကိုမေးသည်

"မင်း အသက်ဘယ်လောက်ရှိပြီလဲ?"

"နှစ်ဆယ့်လေးပါ" ရှရှင်းချန် အိပ်ရာပေါ်မှာထိုင်လျက် ပြန်ဖြေလိုက်သည်။

"သရုပ်ဆောင်လုပ်တာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ?"

အခုအခြေအနေက ဆရာနှင့် တပည့်ကြား စစ်ကြောရေးဝင်နေသည့် အနေအထားဖြစ်နေတယ်လို့ ရှရှင်းချန် ခံစားရသည်။ သူ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်

"ခြောက်နှစ်ပါ၊ ကျွန်တော် ဆယ့်ရှစ်နှစ်မှာစပြီး သရုပ်ဆောင်လုပ်တာပါ"

ယန်ယိုမင်က သူ့လက်ထဲရှိ စာအုပ်ကို တစ်ရွက်ပြီးတစ်ရွက် အမြန်လှန်ဖတ်နေသည်၊ ကြည့်ရတာတော့ လုံးဝဖတ်နေပုံမပေါ်။ သူ စကားပြောလာသည့်အသံက နွေရာသီနေ့လည်ခင်းမှာ ကော်ဖီဆိုင်တစ်ခုထဲ စကားစမြည်ပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါးနှင့်

"မင်း ဘယ်ကနေ ကျောင်းပြီးထားတာလဲ?"

ရှရှင်းချန် သူ့ကျောင်းနာမည်ကိုပြောပြလိုက်သည်။ သူတက်ခဲ့သည့် ရုပ်ရှင်တက္ကသိုလ်က တရုတ်မှာ ထိပ်တန်းမဟုတ်ပေမဲ့ အတန်အသင့်တော့ နာမည်ကြီးသည်။

ယန်ယိုမင် ခေါင်းညိတ်ကာ

"အဲ့တာဆို မင်းက fresherထဲက သရုပ်ဆောင် စလုပ်တာပဲ"

ရှရှင်းချန် တခဏလောက်စဥ်းစားပြီးမှ

"ကျွန်တော် သရုပ်ဆောင်ရတာကို အရမ်းကြိုက်တယ်"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now