Part-1

7.6K 573 28
                                    

"ထယ်ထယ်"

"ဗျာ မေ.."

"မေမေအကုန်ပြင်ဆင်ပြီးပြီ ခနနေ လေယျာဉ်ထွက်တော့မယ် သွားဖို့ပြင်တော့လေ"

"ဟုတ် မေ"

Taehyung တို့မိသားစုက အားလုံးလေးယောက်ရှိသည်.. အဖေရယ် အမေရယ် ညီလေးနဲ့ Taehyung ရယ်... Taehyung ကသားအကြီးဆုံးဖြစ်သည်..အသက် 20 အရွယ်လည်းဖြစ်သည်..

Taehyung အိမ်မက်က စကားပြန်တစ်ယောက်ဖြစ်ချင်သည်..အဲ့တာ‌ကြောင့် UFL မှာ Korea ဘာသာအထူးပြုယူကာ အားတဲ့အချိန်ဆို Eng စကားပါလေ့လာသေးသည်...

ဒီနေ့ ကျောင်းက Korea ဘာသာအထူးပြုတွေ Korea ကို 2 ညအိပ် 3 ရက် လေ့လာရေးခရီးလိုက်ပို့မှာ‌ကြောင့် မေမေက အဝတ်အစားတြွေပင်ပေးခြင်းပင်...

Taehyung အခန်းလေးအားဝေ့ကြည့်မိတော့ တစ်ခန်းလုံးအပြည့်ကပ်ထားတဲ့ သဘောကျမြတ်နိုးရတဲ့ Idol ပုံတွေနဲ့သာပြည့်နေလေသည်...Jeon Jungkook တဲ့ သူ့ကို Taehyung လေးစားအားကျရသည်...

အခုလို Korea စကားသင်ရတာလည်း ထိုသူ့‌ကြောင့်ပင်..စကားပြန်ဖြစ်ချင်တဲ့အိမ်မက်က တစ်နေ့ Jeon Jungkook ဆီအရောက်သွားနိုင်ရမယ်ဆိုတဲ့မျှော်လင့်ချက်‌ကြောင့်ပင်ဖြစ်သည်...

ပတ်ဝန်းကျင်က ရူးနေတယ်ထင်လည်းဂရုမစိုက်ပါ... Taehyung လိုခံစားချက်မျိုး Fan တိုင်းရင်ထဲမှာရှိကြမည်မှာအမှန်..မေမေနဲ့ဖေဖေကတော့ ဘာမှမ‌ပြော နားလည်ပေးထားသည်..ရည်မှန်းချက်မရှိတာထက်စာရင် ကြိုးစားနေတာကတော်သေးတယ်ဆိုပြီးတော့ရယ်....

အခုလည်း Idol ရှိရာ‌မြေဆီ အကြာကြီးမဟုတ်တောင်ခဏသွားရမည်ဆိုတဲ့အတွေးကြောင့် လူကပျော်မြူးနေမိသည်...ကိုယ့်ပုံကိုကျေနပ်တော့မှ အောက်ထပ်ဆင်းလာပြီး မေ့ကိုနှုတ်ဆက်အနမ်းပေးကာ လေဆိပ်သွားဖို့ပြင်ရသည်..ဖေနဲ့ညီလေးက အိမ်မှာမရှိ ဖေက အလုပ်သွားနေသည်..ညီလေးလည်းကျောင်းသွားနှင့်ပြီ..

"ထယ်ထယ် ဂရုစိုက်နော်သား ကျန်းမာရေးကချူချာတာကို အခုသွားမှာက အေးတဲ့နိုင်ငံမလား..နွေးနွေးထွေးထွေး‌ဝတ်နော်သား"

"ဟုတ်ပါ မေရဲ့ သားသိပါတယ် မဟုတ်လည်း 3 ရက်ပဲကို သားပြန်လာရင် Korea ကနေမုန့်ဝယ်ခဲ့မယ် ဇာတ်ကားတွေထဲမှာစားတဲ့ဟာလေ မေသိတယ်မလား တော့ပူက်ီလုပ်စားဖို့ Readymade အထုတ်တွေလေ "

💜 Mysterious  💜(Completed)Where stories live. Discover now