Part-9

3K 354 6
                                    

"Jungkook"

Jungkook အကကျင့်နေရင်း PD ကခေါ်တာမလို့ အခန်းထဲလာတော့မှ

"နှုတ်ဆက်လိုက် မင်းရဲ့ ဒီဇိုင်နာအသစ်"

Jungkook ဝင်လာတုန်းကသတိမထားမိပေ...

"Jungkook တို့က Lee Soyoon ပါတွေ့ရတာဝမ်းသာပါတယ်"

သူမကမ်းပေးလာတဲ့လက်ကို Jungkook မနှုတ်ဆက်ပဲ

"ကျွန်တော် လူအသစ်ပြောင်းမယ်လို့မပြောမိဖူးဘူး ထင်တယ်"

"ဘာအဆင်မပြေဖြစ်လို့လည်း Jungkook"

Soyoon ကိုကြည့်တော့ မျက်နှာပျက်နေလေသည်...Jungkook စိတ်လျော့လိုက်ရင်း

"ဘာမှမဟုတ်ပါဘူး"

"ဒါဆို သွားလို့ရပြီ"

Jungkook ထွက်လာတော့ သူမနောက်ကနေပါလာခဲ့သည်...

"မောင်"

Jungkook ခြေလှမ်းတို့ရပ်တန့်သွားရင်း

"ဘာရည်ရွယ်ချက်နဲ့လဲ"

"ပြောပြီးပြီပဲ မောင့်အနားမှာနေချင်လို့ဆိုတာကို"

Soyoon လက်ကိုဆွဲကာ လူရှင်းတဲ့အခန်းတစ်ခုထဲခေါ်ရင်း သူမကိုယ်ကို နံရံနဲ့ပစ်ကပ်လိုက်ရင်း

"ငါကအရူးလား...ဟမ် မင်းငါ့ဆီကထွက်သွားချင်တဲ့အချိန်သွား ပြန်လာချင်တဲ့အချိန်လာရအောင် ငါ့ကိုမင်းဘာထင်နေလည်း"

"မောင် Yoon ရှင်းပြပါမယ်"

"မလိုဘူး "

"ဒါဆို မောင်ဖြေ Yoon ကိုချစ်သေးတယ်မလား"

Jungkook မျက်နှာအားသူမလက်နှစ်ဖက်နဲ့ဆွဲယူကာ Jungkook မျက်ဝန်းတွေအားတည့်တည့်ကြည့်ပြီးမေးလာခဲ့သည်...Jungkook ဘာဖြေရမလည်း ၆ နှစ်ကြာချစ်လာခဲ့တဲ့ အချစ်ဦးမလား....

သေချာတာက သူမကိုစိတ်နာနေတာကအမှန်ပင်...မချစ်တော့တာလည်းမဟုတ်သေးဘူး...Jungkook ကိုသူမနမ်းလာခဲ့သည်..ပထမကတော့မတုံ့ပြန်မိပေမယ့်..ဒါကသူ့အချစ်ဦးပဲလေ...

အချိန်တစ်ခုအကြာထိနမ်းနေကြရင်း နှုတ်ခမ်းတွေချင်းခွာလိုက်မှ သူမဆီကအသက်ရှုသံသဲ့သဲ့နဲ့အတူ ရယ်သံသဲ့သဲ့ပါကြားရသည်...

"တွေ့လား မောင် Yoon ကိုချစ်နေသေးတာပဲ"

"ခွင့်လွှတ်လိုက်တာမဟုတ်သေးဘူး"

💜 Mysterious  💜(Completed)حيث تعيش القصص. اكتشف الآن