Part-18

3.2K 343 9
                                    

"စီစဉ်ထားတာ ဖြစ်မလာမှတော့ လက်လျှော့လိုက်ပါတော့ သမီးရယ်"

"ဟင့်အင်း ဦးလေး Jeon...ကျွန်မ မောင့်ကိုလက်မလွှတ်နိုင်ဘူး..."

"ဘယ်လိုလုပ်ချင်တာလည်း အဲ့နေ့က သားသဘောကိုလည်းသိရဲ့သားနဲ့"

"မဟုတ်ဘူး မောင်ကစိတ်ထင်နေတာ အဲ့ကောင်လေးသူ့အနားကပ်နေလို့ သူချစ်နေတယ်လို့အမှတ်မှားနေတာ အဲ့ကောင်လေးမရှိတော့ရင် မောင်က ကျွန်မဆီပြန်လာမှာ"

Mr.Jeon စိတ်လျှော့လိုက်ရသည်..အခုချိန်မှာ Lee Soyoon က ဘာပြောပြောနားဝင်မှာမဟုတ်တော့ပေ..တကယ်တမ်းသူ့မွေးနေ့တုန်းက Lee Soyoon ကို ချွေးမအဖြစ်ကြေငြာမလို့အကုန်စီစဉ်ပြီးသားပါ...သားကသူတို့ထက်လည်လို့ အားလုံးကိုလှလှပပလေး ကစားပြသွားသည်...

Mr.Jeon အဖို့ကိစ္စမရှိပေ သားပျော်ဖို့သာအရေးကြီးပါသည်....ခက်တာက Lee Soyoon ဒီကောင်မလေးက လွယ်လွယ်နဲ့လက်မလျှော့ပေ...သူလည်းဒီ့ထက်ဝင်မပါချင်တော့...သားအထင်အမြင်လွဲမယ့်ကိစ္စမျိုး မလုပ်ချင်တော့ပါ....

"ခွင့်ပြုပါဦး ဦးလေး Jeon..."

"ကောင်းပါပြီ..သမီး"

.................

Tae ဟင်းချက်နေရင်း သီချင်းလေးညည်းနေမိသည်...Jungkook နဲ့လည်းအဆင်ပြေသွားတာမို့ စိတ်ချမ်းသာကာ မနက်စာစောစောထပြီးပြင်ပေးနေမိသည်...အဒေါ်ကြီးက မွေးရပ်မြေခနပြန်သွားတာမို့ Tae ပဲ Jungkook အတွက်တာဝန်ယူနေရသည်...

"သည်းငယ် ဘာတွေလုပ်..."

Tae ခါးကိုဖက်ကာ ပုခုံးပေါ်ခေါင်းတင်မေးလာတဲ့ Jungkook...

"မနက်စာပြင်နေတာ အဝတ်လဲပြီးထွက်လာခဲ့လေ Tae Banana Milk လေးပါဖျော်ပေးမယ်..."

"မွ..."

Jungkook ချစ်ဖို့ကောင်းတဲ့ကောင်လေးပါးပြင်ဖောင်းဖောင်းလေးကိုနမ်းလိုက်သည်...ရင်ခွင်ထဲမှာငြိမ်နေတဲ့သူက ရှက်ပြန်ပြီထင်ပါ၏...

"ရှက်နေပြန်တာလား...တကယ်ပဲ ကိုယ့်သည်းငယ်ကကွာ..."

"ရုတ်တရက်ဆိုတော့..."

" စိတ်ကိုအသင့်ပြင်ထား"

"ဟင် ဘာလို့..."

"နမ်းချင်တိုင်းနမ်းခံနေရမှာမလို့လေ ဒီရှေ့လျှောက် သည်းငယ်ကိုနမ်းချင်တဲ့အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုကိုက နမ်းမှာပဲ..."

💜 Mysterious  💜(Completed)Donde viven las historias. Descúbrelo ahora