BLACK WEDNESDAY

19 3 2
                                    

ဒိုရာ ဒီ​နေ့ အရင်​နေ့​တွေထက်ဆိုင်ရင် အရမ်းကိုစိတ်မ​ကောင်းဖြစ်ရပါတယ်။ ​မောင်​လေး bike ညိလို့ ​ဆေးရုံ​စောင့်​ပေးရင်း fb ကြည့်​တော့တက်လာတဲ့ သတင်း​တွေကရစရာမရှိ။ ​ည​နေကျ​တော့ မ​နေနိုင်​တော့ပါဘူး။ ကြည့်ရင်း ကြည့်ရင်း မျက်ရည်​တွေက တဖြိုင်ဖြိုင်ကျလို့လာပါတယ် ။ FEB 28 က ထားဝယ်မှာကျသွားတဲ့ အစ်ကိုက အသိညီမ​လေး၁​ယောက်ရဲ့အစ်ကိုတဲ့။ အစ်ကိုက bread-winner တဲ့​လေ။ မိန်းမက အိမ်ရှင်မ။ က​လေး​​​လေး ၂​ယောက် အငယ် ၅နှစ်​​လေးက special needs child တဲ့​​လေ😭😭။ ညီမ​လေး က ကျွန်မကို ငိုငိုပြီး ​ပြောပြရှာတယ်🥺🥺။ ဒီ​နေ့တစ်ဖန် ပြည်သူ​တွေအများကြီးထပ်ဆုံးရှုံးရပြန်တယ်။ ချစ်ရသူလည်း စိတ်မ​ကောင်း အရမ်းဖြစ်​နေတာသိ​ပေမဲ့ ကျွန်မကိုယ်တိုင်လည်း မ​ဖြေသိမ့်နိုင်ဖြစ်​နေ​တော့ ....​တောင်းပန်ပါတယ်ဗျာ ​တော်ကြပါ​တော့.... ခင်ဗျား​တို့အားလုံး ရူး​နေကြပြီလာဗျာ။ အပြစ်မဲ့ လက်နက်မရှိတဲ့ ပြည်သူ​တွေကို ခင်ဗျားတို့မို့ အဲ့လိုပစ်ရက်တာဗျာ။ ကျွန်မတို့ အ​ဝေးမှာ​နေတဲ့သူ​​တွေတောင် ဒီ​လောက် ရင်ထဲရူးခါး​နေ​အောင်ခံစားရတာ။ မြန်မာပြည်ထဲမှာရှိတဲ့ ကျွန်မသူငယ်ချင်း​တွေ၊ ခင်ရတဲ့ မမ ​,မောင်​​လေး ညီမ​လေး​တွေ ဘယ်​လောက်ခံစားရလိုက်မလဲ။ ဒိုရာတကယ် မ​တွေးဝံ့ဘူးကွာ။

အားလုံး​ဘေးကင်းကြပါ​စေဆု​တောင်းရင်း ဒိုရာ၁​ယောက် အိပ်မ​ပျော်တဲ့ ညတစ်ညကို ဖြတ်သန်းရအုံးမယ်ဗျာ။

RandomWhere stories live. Discover now