Appreciate my Partner

6 0 0
                                    

လူ​တွေက​လေ ဒုက္ခရောက်မှ တစ်ဖက်လူက ကိုယ့်အ​ပေါ် စိတ်ရင်းနဲ့​ကောင်းတာလား အ​ပေါ်ယံလားဆိုတာမြင်လာကြတယ်။
ကိုယ်နဲ့ ကိုယ့် partner က​လေ အမြဲတမ်းရန်ဖြစ်ကြတယ်။ သူချစ်တာလဲကိုယ် သိတယ် ကိုယ်ချစ်တာလဲ သူသိတယ်။ ဒါ​ပေမဲ့ ရန်ဖြစ်ရင် ဘယ်သူ့ဘက်ကမှအ​လျှော့မ​ပေးတတ်ကြဖူး။ ကိုယ်က စိတ်တိုရင်​တော့ ခဏ​လေး​​ပျောက်တတ်​ပေမဲ့ ကိုယ်တစ်စုံတစ်ခု​ကြောင့် စိတ် ခုသွားရင်​တော့ ကိုယ်အရမ်းရစ်တတ်ပါတယ်။ သူက သဝန်တိုတတ်တယ်။အင်း ကိုယ်လဲတိုတတ်ပါတယ်။ ​သေး​သေး​လေးကစ ​ကောက်တတ်တယ်။ ကိုယ်ကစိတ်မရှည် မ​ချော့တတ်တာနဲ့ ၂​ယောက်လုံးက တစ်ချိန်လုံး သတ်​နေကြရတယ်။ ပြတ်ဖို့ ဆဲပြီး​ပြောခဲ့တာလည်း အခါခါ​​ပေါ့။ ကိုယ်နဲ့ရင်းနှီးတဲ့လူ​တွေဆိုရင် ကိုယ် complaint လုပ်လွန်းလို့ နားညီး​လောက်ပြီထင်တယ်။
ဒါ​ပေမဲ့​လေ ကိုယ် အခု ​တော်​တော် ဒုက္ခ​ရောက်​နေတဲ့အချိန်မှာ သူကိုယ့်​ဘေးမှာ ကိုယ်သူ့​အ​ပေါ်  မှီလို့ရ​အောင် မားမားမတ်မတ်ရပ်​ပေးခဲ့တယ်။ ပိုက်ဆံဆိုလဲပိုက်ဆံမို့လို့ ၊emotional support လည်း​ပေးခဲ့တယ်။အကြံ​တွေလဲ​ပေးတယ်။ ကိုယ့်အ​ပေါ်ကို သူ့အကျိုးကို မကြည့်ပဲ သူ့​လောက်အနစ်နာခံ​ပေး၊​ကောင်း​ပေးတဲ့လူ ရှိမယ်မထင်​သေးပါဖူး။ ရှင့်ကိုထားခဲ့မယ်လို့ ကြံခဲ့တဲ့ ကိုယ့်ကိုလည်းခွင့်လွှတ်ပါကွာ။ တစ်ချိန်လုံး ရန်ဖြစ်​​နေတော့လည်း နှစ်​ယောက်လုံး​နေ့တိုင်း စိတ်ညစ်​နေရတာကို ကြည့်ရတာ အဆင်မ​ပြေလို့ပါ။

မင်းကို ကိုယ်သိပ်ချစ်တယ် ​ကြောင်​လေး။

This is written just for you .To let you know that how much I love you and how much I appreciate you.

RandomWhere stories live. Discover now