Chapter 1.2

6.9K 729 12
                                    

Unicode~

ကောင်းကင်ကြီးအောက်တွင် နှင်းမှုန်တို့က တဖျပ်ဖျပ်ကျဆင်းနေသည်၊ ရာသီဥတုက မှုန်မှိုင်းအုံ့ဆိုင်းနေပြီး ငြိမ်းချမ်းလှသည့် သုဿန်မြေက မြူတို့ဖြင့် အုံ့ဆိုင်း၍နေသည်မှာ အထီးကျန်ဆန်လွန်းပြီး သဲကန္တာရလို ခြောက်သွေ့၍နေသည်။

လမ်ဘော်ဂနီကားတစ်စီးက သုဿန်မြေ၏ ဂိတ်ဝတွင်ရပ်လာပြီး ခြေ၂ချောင်းက ကားတံခါးပြင်ပသို့ ဆင်းသက်လာကာ ပန်းစီးတစ်စီးကို ထုတ်လိုက်ရင်း ကားနောက်ဘက်ဆီမှ စက္ကူအိတ်ကိုဆွဲယူလိုက်သည်။ ခေါင်းပေါ်တွင်ကျဆင်းနေသည့် နှင်းမှုန်အပိုင်းအစတို့ဖြင့်ထိုသူသည် သုဿန်မြေထဲတို့ ခြေချလာသည်။

အဝေးတစ်နေရာတွင်တော့ ဟိုင်အာကျုံးစစ်သည် အုတ်ဂူရှေ့တွင်ရပ်နေသည့် အရပ်ရှည်ရှည်ပုံရိပ်ကိုမြင်ပြီးသည့်နောက် သူ့ခြေလှမ်းတို့က ခေတ္တရပ်တန့်သွားပြီး၊ ထို့နောက်တွင်မှ အရှေ့သို့တိုးလာကာ ထိုအမျိုးသား၏ နံဘေးတွင်ရပ်လိုက်သည်။

ငုံ့ကြည့်လိုက်ချိန်တွင် စံပယ်ပန်းစည်း၊ Starry Sky နှင့် စတော်ဘယ်ရီကိတ်မုန့်လေး တစ်တုံးကို အုတ်ဂူပေါ်တွင်မြင်လိုက်ရသည်။

ဟိုင်အာ က စကားတစ်ခွန်းမဆို ငုံ့ကိုင်းလိုက်ရင်း သူ့လက်ထဲက စံပယ်ပန်းစည်းကိုလည်း အောက်ချလိုက်ကာ စက္ကူအိတ်ထဲမှ စတော်ဘယ်ရီကိတ်ကိုထုတ်လိုက်ရင်း သူ့လက်ချောင်းတွေဖြင့် အုတ်ဂူကို ထိတွေ့နေသည်။ သူ၏ သြရှရှအသံက နူးညံ့၍နေသည်။

"ဟေး ရှင်းရှင်း... မင်းရဲ့ကိုကြီး မင်းကိုလာကြည့်တယ်လေ..." 

သူပြုံးလိုက်သည်၊ သူ့ပါးစပ်ကထွက်လာသည့် စကားတို့က အလိုလိုက်သံအပြည့်ဖြင့်... 

"မင်းရဲ့ကိုကြီးက မင်းအကြိုက်ဆုံး စံပယ်ပန်းတွေနဲ့ စတော်ဘယ်ရီကိတ်ကိုလည်း ယူလာခဲ့သေးတယ်... Starry Sky နဲ့ စံပယ်ပန်းတွေကို မင်းအကြိုက်ဆုံးဆိုတာ ကိုကို မှတ်မိနေသေးတယ်..."

သူ့မှတ်ဉာဏ်ထဲတွင်တော့ သူ့ညီမလေးက ပန်းတွေကိုရလိုက်ချိန်တိုင်းတွင် သူမ၏မျက်နှာကို ပန်းစည်းတွေကြားထဲ အပ်လိုက်ရင်း တောက်ပစွာပြုံးပြီး သူ့ကို ပြန်ဖက်လေ့ရှိသည်။

It's Purely an Accident to Love Again |Completed|Where stories live. Discover now