Chapter 3.1

6.5K 723 14
                                    

Unicode~

အေလန်နှင့် ပတ်သတ်ခဲ့မှုကြောင့် တောင်းရှင်းရာသည် စားသောက်ဆိုင်တွင် နာမည်ကြီးသူဖြစ်လာတော့သည်။ ဧည့်သည်တွေကို ဧည့်ခံချိန်တွင် ဧည့်သည်တွေက သူမကို စနောက်ကြပြီး အဲဒီနေ့ကအကြောင်းတွေကို ပြောလာသည်။

သို့သော် တောင်းရှင်းရာကတော့ ဒီအတိုင်းသာပြုံးပြလိုက်နိုင်သည်။ သူမ၏ ဒေါသထိန်းနိုင်ခြင်းကိုတောင် သူမကိုယ်သူမ အံ့မခန်းဖြစ်လာပြီဟု ခံစားမိလာသည်။ အတိတ်တုန်းကလိုသာဆိုလျှင် သူများတွေ သူမကို စနောက်လှောက်ပြောင်ခြင်းကို ခွင့်ပြုမည်မဟုတ်။

သူမ၏ ပင်ကိုုယ်စရိုက်သည် အထက်စီးဆန်ကာ သန်မာပြီး၊ ထင်ရာစိုင်းတတ်သည်၊ သူမ၏ ဒေါသသည် ဆိုးရွားလှပြီး သူမ၏ ဂုဏ်သတင်းသည်လည်း အဲဒီလောက်ကောင်းမနေခဲ့ပေ- ယောကျာ်းလေးတွေထံမှာတော့ မတူပေ၊ သူမသည် လှပသည့်အတွက် တကောက်ကောက်လိုက်နေသူကတော့ မပြတ်ပေ။

သို့သော်ငြား သူမ၏နှလုံးသားတွင် ယွမ်ယုရန်သာ ရှိခဲ့သည်၊ သူမကို လိုက်သည့်မည်သူ့ကိုမဆို စေ့စေ့တောင် မကြည့်ခဲ့ပေ။ ထိုကောင်ဆိုးလေးတွေက သူမ၏ ကိုကိုယုနှင့် ဘယ်လိုများ ယှဉ်နိုင်ပါ့မလဲ?

လူရှေ့သူရှေ့တွင် သူမကို ဖွင့်ဟလာသည့်သူတွေကို သူမ လှောင်ပြောင်ခဲ့သေးသည်။ ထိုတုန်းကတော့ ယွမ်ယုရန်သည် ဘေးဘီက လူတွေကိုသာကြည့်ခဲ့ပြီး အငြင်းခံရသည့်ကောင်လေးတွေကို မကြည့်ခဲ့ပေ၊ သူမလေး၏ ခေါင်းကိုသာ ပွတ်ပေးရင်း ချက်ချင်းဆိုလေ့ရှိသည်က

"ရာရာ... ပစ္စည်းတွေကို ဒီအတိုင်းလျှောက်မပစ်နဲ့လေ... နောက်တစ်ခါက အမှိုက်ပုံးထဲကို သေချာပစ်" ဟူ၍...

ရိုးသားစွာပြောရရင်တော့ သူမ၏ စိတ်နေစိတ်ထား ဒီလောက်အထိဆိုးသွမ်းနေခဲ့သည်မှာ ယွမ်ယုရန်က သူမကို အရမ်းအလိုလိုက်ခဲ့၍ဖြစ်ပြီး ဒီအတွက် သူကသာလျှင် တာဝန်ရှိခဲ့ပေသည်။

အခုတော့ တောင်းရှင်းယာသည် အရင်ကလိုမျိုးမဟုတ်တော့... သေဆုံးပြီးနောက် လူတို့သည် ရင့်ကျက်လာမည်ကတော့ ထုံးစံပင်။ ထို့အပြင် သူမ၏ လက်ရှိပတ်ဝန်းကျင်သည် အရင်ကလိုမျိုး မဟုတ်တော့ပေ။ အနည်းဆုံးတော့ ကျုံးစစ်မိသားစုမှ မင်းသမီးငယ်လေးသည် ဘယ်တုန်းကမှ အလုပ်မလုပ်ဖူးခဲ့ပေ။

It's Purely an Accident to Love Again |Completed|Where stories live. Discover now