Chapter 8.2

7.7K 758 15
                                    

Unicode~

ရီလျန်နာ ကျောကို မတ်လိုက်ပြီး ယွမ်ယုရန်ကိုကြည့်သည်။

"စကားပြောကြရအောင်..."

*************************

ခေတ်ဆန်ကာ လှပလှသည့် ဥယျာဉ်ကို ရီလျန်နာ ကြည့်လိုက်မိသည်။ ယွမ်ယုရန် သူမကို ဒီအိမ်တော် ခေါ်လာခဲ့တုန်းက အချိန်ကို ပြန်တွေးမိသည်။ ထိုအချိန်တွင် သူမ ဥယျာဉ်ထဲတွင်ရပ်နေခဲ့ပြီး သူက သူမလက်ကိုကိုင်ရင်း သူ့ကောင်မလေးဖြစ်ကြောင်း မိသားစုကို ကြေငြာခဲ့သည်။

ထိုအချိန်တုန်းကတော့ သူ့နံဘေးတွင် သူမ ယုံကြည်ချက်ရှိစွာ ရပ်နေခဲ့ဖူးသည်။ တစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးခဲ့ဖူးသည်။

ချိုမြိန်မှုတို့ လွှမ်းခြုံနေခဲ့သည့် သူမတို့နှစ်ဦးကြားတွင် ပုံရိပ်လေးတစ်ခုကြားဝင်လာပြီး သူမကို တွန်းထုတ်ကာ ယွမ်ယုရန်ကို ဖက်တွယ်လာခဲ့သည်။

"ကိုကို... ဘာလို့ ကောင်မလေးခေါ်လာတာလဲ? ရာရာကရော? ရာရာကရောလို့?"
သူမကို စူးနေအောင် စိုက်ကြည့်ရင်း ထိုကောင်မလေးက ဆိုသည်။ သူမ၏ အပြုအမူနှင့် လှုပ်ရှားမှုအားလုံးတို့က ပိုင်စိုးပိုင်နင်းဟန်အပြည့်ပင်။

ထိုကောင်မလေး၏ ရိုင်းစိုင်းလှသည့်အပြုအမူကြောင့် သူမ အံ့အားသင့်သွားရသည်၊ သို့သော် ပို၍ အံ့အားသင့်စရာကောင်းသည်က ယွမ်ယုရန်ပင်။ အချစ်တွေပြည့်နေသည့်၊ တဖန်အလိုလိုက်ခြင်းတို့ပြည့်နေသည့် ထိုအပြုံးပင်။

ထိုကောင်မလေး၏ ခေါင်းကို အလိုလိုက်၍ ဖူးဖူးမှုတ်ထားသလိုမျိုး ပုတ်ပေးလိုက်ပြီး သူက ဆိုသည်။

"အရူးမလေး... ဒါပေါ့... ရာရာက ကိုကို့ရာရာပဲလေ... ရာရာ့ကိုချစ်ပေးမယ့် သူပိုများလာတာ မကောင်းလို့လား?"

"ဟင့်အင်း... မရဘူး... မလိုချင်ဘူး..."

တောင်းရှင်းရာ အော်ငိုတော့သည်။

"ကိုကိုရှိရင်ရပြီ... ဘယ်သူ့ကိုမှမလိုဘူးလို့!!!!"

ထိုအချိန်ကတည်းက ရီလျန်နာသည် သူမလေးထံမှ ရန်သူအဖြစ် သတ်မှတ်ခံခဲ့ရတော့တာပင်။

It's Purely an Accident to Love Again |Completed|Where stories live. Discover now