Chapter 5.2

7.1K 764 29
                                    

Unicode~

တောင်းရှင်းရာ တံခါးရောက်သည်အထိ ယွမ်ယုရန်နောက်ကိုသာ လိုက်လာခဲ့သည်။

ရိုင်က တံခါးဝတွင်စောင့်နေသည်။

"သခင်လေး... ပြန်လာပြီလား... မမလေးတောင်းလည်း ရောက်လာတာပဲ..."

"ဟယ်လို ရိုင်... " တောင်းရှင်းရာ ရိုင်ကို ပြုံးပြလိုက်သည်။

သူမ ကြည့်လိုက်သော်ငြား မွေးစားဖေဖေနှင့် မေမေကိုတော့ မမြင်ပေ။

"အန်တီမိန်နဲ့ အန်ကယ် ဟုန်ရော?"

"သခင်ကြီးနဲ့ သခင်မက ညစာစားပွဲသွားပါတယ်..."

"ဟမ်?" တောင်းရှင်းရာ အံ့အားသင့်သွားသည်။

"သမီးကို အန်တီမိန်က ညစာစားဖို့ဖိတ်ထားတာဆို?"

ရိုင်က အနည်းငယ် စိတ်ရှုပ်သွားသည်၊ သခင်လေး၏ အကြည့်ကို သတိပြုလိုက်မိချိန်တွင် သူ့အကြည့်တို့က မပြောင်းလဲစွာဖြင့် တောင်းရှင်းရာကို ပြန်ဖြေသည်။

"ဒီညစာစားပွဲက ရုတ်တရတ် ဖိတ်ခံရလို့ပါ... သခင်ကြီးနဲ့ သခင်မလည်း နေ့လည်ကမှသိလိုက်တာ... သခင်လေးကို ပြောဖို့နောက်ကျနေပြီမို့လို့ သခင်မက မမလေးတောင်းကို တောင်းပန်ခိုင်းလိုက်ပါတယ်... သခင်လေးကပဲ ဧည့်ခံပေးလိုက်ဖို့ကိုလည်း မှာထားပါတယ်..."

တောင်းရှင်းရာ ကြောင်အစွာဖြင့် ရပ်နေမိသည်။

ဒါဆိုရင် သူနဲ့ ယွမ်ယုရန်ပဲ စားနေရတော့မှာလား?

"ရိုင်... သွားပြီး ညစာပြင်တော့..."

"ဟုတ်ကဲ့..." ရိုင်က ချက်ချင်းဆိုသလိုပင် မီးဖိုချောင်ထဲသို့ဝင်ကာ ပြင်ဆင်တော့သည်။

ယွမ်ယုရန် အပေါ်ဝတ်ကို ချွတ်၍ နက်ကတိုင်ကိုလည်း ဖြေလျော့ပြီး ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်... အထက်တန်းလွှာတစ်ယောက်၏ ပုံပန်းသဏ္ဍာန် ကွယ်ပျောက်သွားပြီး အဲဒီအစား ပို၍ ထီမထင်သည့် ပျင်းရိပျင်းတွဲနှင့် ဆွဲဆောင်မှုအားကောင်းသည့် ဟန်ပန်ပေါ်လာတော့သည်။

တောင်းရှင်းရာ နေရာတွင်သာ ဆက်ရပ်နေမိသည်။

ယွမ်ယုရန်က မျက်ခုံးပင့်သည်။

It's Purely an Accident to Love Again |Completed|Where stories live. Discover now