{ Zawgyi }
နှလုံးသားကွဲထွက်တော့မလို ပူလောင်ခံစားနေရပေမဲ့ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးပြနေရတာ ပင်ပန်းလိုက်တာ ခင်ဗျားရယ်...
ကိုယ်ချစ်ရတဲ့သူကို အခြားသူတစ်ယောက်ကချစ်ကြောင်းပြောနေတာကို ထိုင်ပြီး နားထောင်ပေးနေရလောက်အောင် ခံနိုင်ရည်အားမရှိ။
ကာကွယ်စောင့်ရှောက်ပေးမယ် ဆိုတဲ့စကား ကျွန်တော်လဲပြောခဲ့ပါရက်နဲ့ မယုံလို့လား ... ဘာလို့ချက်ခြင်းငြ်းခဲ့ရတာလဲ...အခုရော ...အခုရော ဘာတွေကိုစဉ်းစား တွေဝေနေရတာလဲ? ဘာလဲ ကျွန်တော် ရှိနေလို့လား...?
" Namjoon hyung ကလဲ အဲ့စကားပြောမှာဆို ကျွန်တော့်ကိုတိုးတိုးလေးပဲဖြစ်ဖြစ် ပြောပြလေ အခုတော့ ကျွန်တော်ကအလိုက်မသိတတ်တဲ့သူဖြစ်သွားပြီ... ဟို ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် sorryနော်... ဒါဆို နှစ်သောက်သား လွတ်လပ်ပြီးပျော်စရာကောင်းတဲ့အချိန်လေးကိုပိုင်ဆိုင်ကြပါ..."
ပြောပြီး Namjoon ကိုရော Taehyung ကိုရော ကြည့်ကာ ပြုံးပြရင်းပြောလာသောသူ...
မြင်လား?...ဘယ်လောက်နာကျင်ကျင် ကျွန်တော်ရအောင်ပြုံးထားနိုင်တယ်...
ထိုဝိုင်းကနေ ထွက်ပြီး နှစ်လှမ်းလောက်လျှောက်ပြီးတော့မှ ဖြတ်ကနဲ အနောက်ကိုပြန်လှည့်ကာ...
"ဩော်...Namjoon hyungက သူဌေးသားဆိုတော့ ကျွန်တော်အခုမှာထားတာလေးတွေ Hyungပဲရှင်းပေးလိုက်တော့နော်... ကျွန်တော်သွားပြီ"
ရယ်ရင်း ပြောလိုက်ပေမဲ့ ထိုလူနှစ်ယောက်ကို ကျောခိုင်းကာလှည့်ထွက်တော့ စောနကအပြုံးတွေဟာရှိမနေတော့...ထိုနေရာနဲ့ဝေးဝေးကိုသာ ထွက်လာခဲ့လိုက်တယ်။
" Tae ကိုယ်ပြောတာတွေအကုန်လုံးက တစ်ကယ့်စိတ်ရင်းတွေပါ "
" Joon hyung.. ကျွန်တော်လေ-"
"ရတယ် Tae အခုချက်ခြင်း ပြန်ဖြေစရာမလိုဘူး ကိုယ်စောင့်နိုင်တယ် စောနကပြောခဲ့တဲ့စကားတွေကြောင့် ကိုယ်တို့နှစ်ယောက်ကြား ဘာမှမပြောင်းလဲစေချင်ဘူး ... အခုကိုယ်ဘယ်လိုခံစားနေရလဲ Taeကိုသိစေချင်လို့ပြောပြတာ...Taeဘက်ကအဆင်သင့်ဖြစ်တဲ့အချိန်ထိကိုယ်စောင့်နေမယ်"
YOU ARE READING
I STILL LOVE YOU { Completed }
Fanfiction{ Zawgyi + Unicode } တစ်ယောက်ကိုတစ်ယောက် ချစ်နေကြသော်လည်း... တစ်ယောက်ကိုတစ်ယောက် ချစ်နေကြသော်လည်း... #Taekook