Part - 22

911 71 11
                                    

{ Zawgyi }

ဒီနှစ်ပတ်လုံး ရင်းနှီးကျွမ်းဝင်မှုမရှိသည့် companyကအလုပ်ကိစ္စတွေနဲ့ တစ်ကယ်ကိုပင်ပန်းလွန်းလှပါသည်။ ShinAhကြောင့် ယိုင်နဲ့နေသည့် companyကို Jungkookကပဲ Yoongi hyungနဲ့ Hoseok hyungတို့၏အကူအညီကြောင့်သာ ဆက်လက်ထိန်းထားနိုင်ခဲ့တာ။ Yoongi hyungက ကျွန်တော့်ကိုအရင်လို စကားသိပ်မပြောတော့ပေမဲ့ ဂရုစိုက်ပေးရှာသည်။

ကျွန်တော်ကိုယ်တိုင်ကလဲ တစ်စုံတစ်ယောက်အား မေ့ပျောက်နိုင်ရန် အလုပ်တွေသာဖိလုပ်နေခဲ့သည်။

အဘိုးအားသတ်ခဲ့သည့် သူမကို စိတ်နာမိသည်။ ချစ်ရသူနှင့် ဝေးကွာအောင် အမြဲနှောင့်ယှက်နေခဲ့သည့် သူမကို သတ်ပစ်ချင်လောက်အောင်မုန်းတီးမိသည်။ သို့ပေမဲ့ အခု ShinAhတစ်ယောက် ဘယ်ရောက်လို့်နေမှန်းမသိ။ သူမ၏ကောက်ကျစ်ခဲ့မှုတွေအတွက် ဥပဒေနှင့်ရင်ဆိုင်ဖို့ရာ ထွက်ပြေးနေခဲ့သည်။ အခုသူမကိုဖမ်းဝရမ်းထုတ်ထားသော်ငြား အခုထိဘာသတင်းအစအနမှမကြားရ။

" Jungkook ပိတ်ရက်လေး အပြင်ထွက်ကြရအောင် မင်းလဲအလုပ်ကိစ္စတွေနဲ့ ပင်ပန်းနေရောပေါ့ "

Hoseok hyungစကားကို Jungkook ခေါင်းငြိမ့်ပြကာ လက်ခံလိုက်သည်။ အပြင်ထွက်မလည်ရသည်မှာတောင်ဘယ်လောက်ကြာခဲ့ပြီလဲ...

ဘယ်လိုပဲမေ့နိုင်အောင် ကြိုးစားကြိုးစား hyungကိုပဲအမြဲသတိရနေတယ် hyungရယ်...

~~~~~~~~

Taehyung ဆေးရုံကဆင်းလာသည်မှာ တစ်ပတ်ကျော် နှစ်ပတ်နီးပါးရှိခဲ့ပြီ။ ကိုယ်ကိုယ်တိုင်ကပဲ ထွက်သွားစေခဲ့ပြီးမှ တစ်ခါတရံ ပြန်လာမလားဆိုပြီး မျှော်လင့်နေမိတာ ... ရူးနေပြီထင်ပါ့။

" Jin hyung ကျွန်တော်သွားတော့မယ် "

" သွားတော့မလို့လား တစ်ခုခုစားသွားဦးလေ "

"မစားတော့ဘူး hyung.. အခုတောင်နောက်ကျနေပြီ "

" ဒါဆိုလဲ ဂရုစိုက်သွားနော် ညမိုးမချုပ်ခင်ပြန်လာခဲ့ "

" ဟုတ်ကဲ့ပါ hyung.. ကျွန်တော်သွားပြီနော် "

Jin hyungကိုနှုတ်ဆက်ပြီး အလုပ်ရှာဖို့ ထွက်လာခဲ့လိုက်သည်။ ချစ်နေတော့လည်း တိုက်ဆိုင်မှုတွေရှိရင် သတိရနေတုန်းပင် ။

I STILL LOVE YOU { Completed }Where stories live. Discover now