{ Zawgyi }
ဒုန်း! ဒုန်း! ဒုန်း!
မနက်ခင်းနေရောင်ပင်မထွက်သေး ဝေလီဝေလင်းအချိန် အိမ်ရှေ့မှ တံခါးအားထုသံကြောင့် Jin တစ်ယောက် အိပ်ယာမှအမြန်ထကာ နာရီကြည့်လိုက်မိတော့ မနက် 5နာရီ 45...
တံခါးအား အပြေးအလွှားဖွင့်ကြည့်တော့ မထင်ထားတဲ့လူတစ်ယောက်ဖြစ်လို့နေသည်။
" မင်းဘာလာလုပ်တာလဲ "
"ကျွန်တော် Hy-...... Taehyungနဲ့ပြောစရာရှိလို့ပါ ...ခဏလောက်ပဲဖြစ်ဖြစ် စကားပြောခွင့်ပေးပါနော်Jin Hyung "
" မင်းပြန်လိုက်တော့ ... Taehyungieက ဒီမှာ မရှိဘူး"
SeokJinကတံခါးအားပြန်ပိတ်ရန်ပြင်တော့ JungKookက တံခါးအားအတင်းပြန်ဆွဲထားကာ တားပြန်တယ်။
"ကျွန်တော် ခဏလေးပဲဖြစ်ဖြစ် စကားလေးပြောချင်လို့ပါ ... ကျွန်တော် -"
"မင်းပြန်တော့လို့ပြောနေတယ်လေ!!...မနက်စောစောစီးစီးဘေးအိမ်တွေကိုအားနာပေးဦး!...မင်းကငါ့ညီနဲ့တွေ့ ပြီး ဘာတွေပြောဦးမလို့လဲ!...ဘယ်လောက်တောင်ထပ်ပြီး Taehyungieကမင်းကြောင့် နာကျင်နေရဦးမှာလဲ!"
"ကျွန်တော်တောင်းပန်ပါတယ် hyungကိုအဆုံးရှုံးမခံနိုင်လို့လုပ်မိသွားတာပါ ကျွန်တော်ကျေနပ်တဲ့အထိတောင်းပန်မှာမို့လို့ ခဏ ခဏလေးပဲဖြစ်ဖြစ် သူနဲ့စကားလေးပြောပါရစေ Jin Hyung.. "
Seokjin တစ်ယောက် Taehyung အားတွေ့ ခွင့်တောင်းနေတဲ့ Jungkookအားကြည့်ရင်း သက်ပြင်းသာလေးလံစွာချမိသည်။
နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်ကြသည်မှမဟုတ်တာ...
" Jungkook မင်း ငါ့ညီ Taehyungieကိုဘယ်လောက်ထိတောင်ချစ်လဲ "
Jin hyungရဲ့ မေးခွန်းက လွယ်သယောင်ယောင်နဲ့ခက်တယ်။
ဒါပေမဲ့...
ဘယ်လောက်ထိချစ်လဲဆိုတာ မေးစရာမလိုအောင်ကို ကျွန်တော့်ဘက်က Hyungကိုချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်သာအသိဆုံး ။
ချစ်တယ်ဆိုတဲ့စကားထက် အဆထောင်သောင်းမကချစ်တယ်ဆိုတာ ဘယ်သူ့မှမယုံတောင် ခင်ဗျားကတော့ယုံစေချင်တယ် Hyungရယ် ။
YOU ARE READING
I STILL LOVE YOU { Completed }
Fanfiction{ Zawgyi + Unicode } တစ်ယောက်ကိုတစ်ယောက် ချစ်နေကြသော်လည်း... တစ်ယောက်ကိုတစ်ယောက် ချစ်နေကြသော်လည်း... #Taekook