♡ Extra? ♡

1.5K 91 0
                                    

{ Zawgyi }

ဓာတ်ပုံဘောင်လေးထဲက ကောင်မလေးဟာ အလှပဆုံးနဲ့ ငြိမ်းချမ်းစွာ ပြုံးလို့နေသည်။ အစ်မရယ်...နောင်ဘဝဆိုတာရှိခဲ့ရင် အစ်မနဲ့ အရမ်းချစ်တဲ့မောင်နှမတွေအဖြစ် ပြန်ဆုံချင်ပါသေးသည်။

ပြာအိုးလေးဘေးမှ သူမ၏ဓာတ်ပုံအားစိုက်ကြည့်ရင်း မျက်ရည်တွေဝဲနေပါသော Jeon..

Taehyung Jungkook၏လက်ချောင်းလေးများအား တင်းကျပ်စွာဆုပ်ကိုင်ပေးထားလိုက်သည်။

" Jeon.. ShinAhက အခုတစ်နေရာမှာ အပူအပင်ကင်းကင်းနဲ့ ပျော်နေမှာပါ "

" ဟုတ်တယ်hyung... အစ်မကို ကျွန်တော်ခွင့်လွှတ်တာမို့ ဘယ်နေရာမှာပဲရောက်နေပါစေ အမြဲပျော်နေပါစေ "

Jungkookအပေါ် သူမဘယ်လောက်ပဲဆိုးခဲ့ပါစေ မောင်နှမဆိုသည့် သံယောဇဉ်လေးကြောင့် အရာအားလုံးခွင့်လွှတ်ပေးခဲ့သည်။ Taehyung ကတော့ သူတို့မောင်နှမနှစ်ယောက်လုံးအား ခွင့်လွှတ်သည်လဲမဟုတ် နောက်ဆုံး သူတို့လုပ်ခဲ့သည့် လုပ်ရပ်တွေကြောင့် သူတို့ဒဏ်ပြန်ခံစားရသည်ဟုသာ သတ်မှတ်ထားသည်။

သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက်လဲ သူတို့နောင်တရခဲ့ကြသည်မဟုတ်လား...

လွန်ခဲ့သည့် တစ်နှစ်ကျော်က...

ခေါင်းမှသွေးများစီးကျကာ ယိုင်နေပြီဖြစ်သည့်ကိုယ်လေးကိုတွဲပြီး Taehyungဂိုဒေါင်အပြင်ဘက်ထွက်လာခဲ့သည်။ အပြင်ရောက်ရောက်ချင်း ရုတ်တရတ် သူတို့ဆီ စူးရှသောမီးရောင်နှင့် တရှိန်ထိုး ဝင်ရောက်လာပါသော ကားတစ်စီး...။

Taehyung ထိန်းကာတွဲထားသည့် Jungkook အား အနောက်ဘက်သို့တွန်းပို့လိုက်ပြီး မျက်စိကိုစုံမှိတ်လိုက်သည်။ Jungkookကတော့ Taehyungနှင့် အနောက်ဘက် အနည်းငယ်အကွာမှာ လဲကာကျသွားရသည်။

မလုပ်နဲ့...အဲ့လိုမလုပ်ပါနဲ့... ထပြီး Taehyungကိုဝင်ဆွဲချင်ပေမဲ့ ခေါင်းတွေထဲမူးဝေနေပြီး ခန္ဓာကိုယ်ကထဖို့ပင်ခက်ခဲလှသည်။ မျက်လုံးမှ မျက်ရည်တွေအဆက်မပြတ်စီးကျလာပြီး မျက်ရည်နှင့်သွေးများပင်ရောလို့နေပြီ။

အရှေ့မှာ Jungkook ကိုကွယ်ကာ ရပ်နေသော Taehyungနဲ့ အရှိန်ဖြင့် လာနေသောကား...။

I STILL LOVE YOU { Completed }Where stories live. Discover now