အပိုင်း ၅

1K 69 0
                                    

အပိုင်း(၅)

သူ့နောက်ကို လူတွေလိုက်လာတာသိတော့ Jennieလည်း သူ့ဘဲကို လမ်းထိပ်ကဆိုင်ကို အကင်သွားဝယ်ဖို့ လွှတ်လိုက်တယ် ။ သူက ပန်းခြံမှာပဲ စောင့်နေမယ်ပေါ့ ။ အူကြောင်ကြောင်သူ့ဘဲကြီး  ထွက်သွားပြီးတော့မှ

"နင်တို့ ငါ့နောက်လိုက်နေတာငါသိတယ်" ဆိုပြီး စူးရှမျက်ဝန်းတစ်စုံ က သစ်ပင်ကြီးနောက်တွင် ပုန်းနေသော Lisaတို့ထံရောက်လာတာပေါ့။

Lisa > သူသိသွားပြီ ငါတို့သွားတွေ့ရအောင်

ဘာမြှပန်မပြောတာကြောင့် Lisaနောက်ကို လှည့်ကြည့်လိုက်ရာ လခွမ်းတဲ့မှ jisooမရှိတော့ဘူး ။ ငါတော့ သေပါပြီဟယ်။

Jennie >ဘာတွေပြောနေတာလဲ ငါကနင့်ကို ကိုက်မစားပါဘူး

Jennieက ဒီလိုဆိုတော့မှ Lisaလည်းအရဲစွန့်ပြီး သူမရှေ့မှာ နေရာယူလိုက်တယ်။ ဒူတွေပေါင်တွေတော့ တုန်လျက်

Lisa > ဟို...... ဟိုလေ တကယ်တော့  အစ်မကိုတောင်းပန်ဖို့ လိုက်လာတာပါ

Jennie > ဘာအတွက်လဲ

(မနေ့က ကိစ္စသူမေ့သွားပြီလား )

Lisa > မနေ့က ကျွန်တော့်သူငယ်ချင်းနဲ့ အတင်းတုတ်တဲ့ ကိစ္စပါ တကယ်တောင်းပန်ပါတယ်

Jennie > ငါ့ကို လူတွေအများကြီးက အတင်းတုတ်ကြတာပဲ နင်တို့အမှားမဟုတ်ပါဘူး

Lisa > ဗျာ ဒါပေမဲ့ တကယ်တောင်းပန်ပါတယ်

Jennie > ရပါတယ်ကွယ်  ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲ

Lisa > Lalisaပါခဗျ first year ကပါ

Jennie > အစ်မက Jennie kimပါ third year က
Lisa > ဒါဆိုရင် ကျနော်တို့ သူငယ်ချင်းဖြစ်သွားပြီပေါ့နော်

Jennie > ဆိုပါတော့ နောက်လမ်းမှာတွေရင်ခေါ်လို့ရတယ်နော်

Lisa > Nae ခေါ်ပါ့မယ်

သူတို့နှစ်ယောက် စကားလက်ဆုံကျနေစဉ် အကင်ဝယ်သွားသော သူ့ဘဲကြီးပြန်ရောက်လာပြီး " ချစ် သူကဘယ်သူလဲ "

Jennie >  ချစ်ရဲ့ သူငယ်ချင်းပါ

ဘဲကြီး > သေချာရဲ့လား သူငယ်ချင်းဆိုတာ

မသင်္ကာတဲ့ မျက်လုံးတွေနဲ့မေးနေတာကြောင့် Jennie ကို စော်ကားရကောင်းလားဆိုပြီးတော့ Lisaဒေါသထွက်သွားတာတော့ အသေအချာပဲပေါ့ ။

Jennie > သေချာပါတယ် ကိုယ်ကလဲ

ဘဲကြီး > ပြီးတာပဲ လာသွားမယ် Jennieလက်ကလေးကိုဆွဲကာ

"ပြီးတော့မင်း Jennie နဲ့ဝေးဝေးနေ" လက်ညိုးတထိုးထိုးနဲ့ပြောနေတာကြောင့် Lisa လည်း ဆွံ့အပြီးကြည့်နေခဲ့တယ်။ ရင်ဘတ်တွေလည်းနာလို့။

ပြဿနာကြီးသွားမည်ကို စိုးရိမ်၍ Jennieဘာမှ ဝင်မပြောခဲ့ပေ။

Jennie တို့ထွက်သွားပြီးတော့မှ ဘယ်ကထွက်လာလို့ထွက်လာမှန်းမသိတဲ့ jisoo ကlisaရှေ့တွင် ပိတ်လျက်နေရာယူထားသည်။

Jisoo > အခြေအနေဘယ်လိုလဲ မျက်နှာလည်းမကောင်းပါလား၊ အဆင်မပြေခဲ့ဘူးလာ

Lisa > ပြေပါတယ် ဒါနဲ့ ခုနကဘယ်သွားတာလဲ

Jisoo > အဲ့တာက  ငါအပေါ့အရမ်းသွားချင်နေလို့  မင်းကိုမပြောပဲထွက်သွားမိတာပါ

Lisa > ဟွန်း ....ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်တွေ

Jisoo > တကယ်ပါ ငါတကယ်ပြောတာ

Lisa > သွားရအောင်

Jisooပုခုံးကို လှမ်းဖက်ပြီး စာသင်ခန်းများဆီသို့

စီနီယာ မမ {Jenlisa}[Complete]Where stories live. Discover now