အပိုင်း ၁၄ (Uni)

1.5K 94 0
                                    

အပိုင်း(၁၄)

Lisa & Chaeyoung လဲစကားပြောလို့ပြီးရော jisooလည်းပြန်ရောက်လာပြီပေါ့။

Lisa > ပြီးသွားပြီလား လူနာဘာဖြစ်တာတုန်

Jisoo > အောက်ဆီဂျင်ပိုက် နည်းနည်းချို့ယွင်းနေလို့အသက်ရှူကြပ်သွားတာ

Lisa >အော် အဲ့ဒီလိုကိုး
အဟင်း ဒါဆို ငါလည်းသွားတော့မယ်

Lisaထသွားမယ်လုပ်တော့

Chaeyoung > oppa ပုဇွန်ထုပ်မမေ့နဲ့နော်

Lisa > အေးပါ

"သွားပြီ "Lisaလည်းထွက်သွားရော ပြုံးနေသော Chaeyoungမျက်နှာလေး ချက်ချင်းမဲ့သွားပြီး နှုတ်ခမ်းကြီးဆူကာ တစ်ဖက်သို့လှည့်နေလိုက်သည်။

Jisoo > ဘာဖြစ်တာလဲ ချက်ချင်းကြီး

Chaeyoung > လူလိမ်ကြီး Chaeတို့ချစ်သူဖြစ်နေတာ oppaသိပြီးသားဆိုတာကိုဘာလို့မပြောတာလဲ

Jisoo > Lisaမပြောခိုင်းလို့ပါ Chaeကလည်း

Chaeyoung > ဒါလည်း နဲနဲဖြစ်ဖြစ်ပြောပြသင့်တယ်မထင်ဘူးလား Chaeမှာက oppaသိမှာစိုးလို့ ဖုံးကွယ်လိုက်ရတာ😒

Jisoo > တောင်းပန်ပါတယ်
(မျက်နှာငယ်လေးနဲ့)

Chaeyoung > နောက်ဆို Chaeတို့ကြားမှာ လျှို့ဝှက်ချက်တွေမရှိစေနဲ့

Jisoo > သိပြီမိုလို့ စိတ်ဆိုးပြေပါတော့ နော်

Jisooရဲ့ စကားတွေကြောင့် Chaeyoungလည်း ကျေနပ်သွားပြီး မျက်လုံးလေးပျောက်သွားတဲ့ထိအောင်ပြုံးပြလိုက်တယ်။ဟိုကလည်းအသဲတွေယားပြီး ပါးဖောင်းဖောင်းလေးကို လက်နဲ့ အသားကုန်ဖိညစ်လိုက်တယ်။

"အား... နာတယ် လွှတ် "

Other side,

Lisa > unnie ကဒီနေ့လှလိုက်တာ

Jennie > ခါတိုင်းနေ့က မလှလို့လာ

Lisa >မဟုတ်ပါဘူး ဒီနေ့က ထူးထူးခြားခြားပိုလှနေလို့ပါ
(Jennie mind ဒီနေ့အလှပြင်ရတာ  တန်သွားပြီ )

Jennie > မြောက်နေပြန်ပါပြီ

Lisa >တကယ်

အလုပ်တွဲလုပ်လာတာ တစ်နစ်လောက်ကြာနေပြီမို့ အချင်းချင်းစလိုက်နှောက်လိုက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေအများကြီးကို ဖြတ်သန်းခဲ့ရတာပါ။
မိခင်ဆုံးပြီးကတည်းက အသက်မဲ့သွားခဲ့တဲ့ Jennieရဲ့အပြုံးတွေဟာလည်း ယခုနှစ်မှာ ပြန်ပြီးအသက်ဝင်လာပါပြီ။

ည(၉)နာရီလောက်

J step Mon > ပြန်လာပြီလား

Jennie > Nae , မအိပ်သေးဘူးလား

J step Mon > သမီးကိုစောင့်နေတာ

Jennie > နောက်ဆိုမစောင့်ပါနဲ့ ၊ jen ကဘယ်အချိန်ပြန်လာမယ်မှန်းမှမသိတာ ၊ ဆေးရုံမှာက လိုအပ်ရင်လိုအပ် ကူလုပ်ပေးရတယ် ၊ တော်ကြာအိပ်ရေးပျက်ပြီးနေမကောင်းဖြစ်လိမ့်မယ်

Jennieရဲ့ စကားသံများသည် ဧည့်ခန်းတွင်စာထိုင်ဖတ်နေသော ဖခင်ကိုပင် မျက်ရည်ဝဲစေခဲ့သည်။
ထိုထက် အံသြသောသူမှာ Jennieရှေ့တွင် ရပ်နေသော မိထွေးဖြစ်သူပင်ဖြစ်သည်။

သူမဘဝတစ်လျောက်လုံး Jennie ထံမှ အခုလိုစကားမျိုး တစ်ခါမျှ မကြားခဲ့ဖူးတာကြောင့် မျက်ရည်များပင် ခြေဖမိုးထိပေါက်ပေါက်ကျကာ ဝမ်းသာနေတာပေါ့။

Jennie > မငိုပါနဲ့  o..mma 
အရင်တုန်းက ဆိုးခဲ့တာတွေအတွက်လည်းတောင်းပန်ပါတယ်

ထင်မှတ်မထားပဲ Omma လို့ပါအခေါ်ခံရတာကြောင့် သူ့ဘဝမှာ ဒီထက်ပျော်ရွင်သောအရာ ရှိနိုင်တော့မည်မဟုတ်ပေ။

Jennie Mon > မဟုတ်တာ အဲ့ဒီတုန်းကသာ သမီးအဖေနဲ့ လက်မထပ်ခဲ့ရင် သမီးလည်းအခုလိုစိတ်ဆင်းရဲရမှာမဟုတ်ပါဘူူး omma ကသာတောင်းပန်ပါတယ်

Jennie > ပြီးတာတွေလည်းပြီးပါစေတော့ လူတစ်ယောက်က သူ့ရဲ့အချစ်ဦးနဲ့ပဲလက်ထပ်သင့်ပါတယ်

တစ်ချိန်က Jennie dad နဲ့ သူ့မိထွေးနဲ့က ချစ်သူတွေပါ။ မိဘတွေ အတင်းတိုက်တွန်းလို့ Jennie အမေနဲ့ လက်ထပ်ခဲ့ရတယ် ။
မကြာလိုက်ပါဘူး Jennie အမေက Jennieကိုချန်ခဲ့ပြီးတော့ သွေးကင်ဆာနဲ့ဆုံးပါးသွားခဲ့တယ်။
ဇနီးသည် ဆုံးပြီးတဲ့နောက်မှာ Jennie အဖေက သမီးလေးကို မိတဆိုးမလေးအနေနဲ့ မရှင်သန်စေချင်တာကြောင့် နောက်အိမ်ထောင်ပြုလိုက်တယ်။ သူကတော့ အချစ်ဦးဖြစ်သူ ၊အခုလက်ရှိ Jennieရဲ့မိထွေးပေါ့။
ဒီအကြောင်းအရာတွေအကြောင့်ပဲ Jennieက သူ့အဖေကိုစိတ်နာပြီး မိထွေးကိုပါ အမုန်းကြီးမုန်းနေခဲ့တာ ယနေ့မတိုင်ခင်အထိပေါ့။

အခုဆိုရင် အရင်က တိတ်ဆိတ်ခြောက်ကပ်နေတဲ့ kim အိမ်တော်ကြီးကလည်း စကားသံတွေ၊ရယ်သံတွေနဲ့ ပြည့်နှက်လို့နေပြီ။

လူတစ်ယောက်သည် စိတ်ပျော်ရွှင်လာသည်နှင့်အမျှ   ပေါင်းသင်းဆက်ဆံရေးတွင် ပိုမိုအဆင်ပြေလာနိုင်သည်။

စီနီယာ မမ {Jenlisa}[Complete]Where stories live. Discover now