အပိုင်း (၇) Uni

1.3K 93 2
                                    

အပိုင်း(၇)

📱📲📲 တီးတီး...တိ.....

Jennie >hello

📱 Jennieလား

Jennie > Nae ဘယ်သူလဲမသိဘူး

📱အိမ်ရှေ့ကိုခနလောက်ထွက်လာပေးလို့ရမလား

Jennie > ရှင်

📱စောင့်နေမယ်📴

မပြောမဆိုပဲဖုန်းချသွားတာကြောင့် Jennieရင်ထဲ နဲနဲတော့ ထိတ်လန့်နေတယ်။ ထွက်တွေ့ရမလား ၊မတွေ့ရဘူးလား။

"ထွက်တွေ့မယ် ၊ဟင် တော်ပါပြီလေ တော်ကြာမတော်ကရော်လူတွေနဲ့တွေ့သွားလို့ ငါဒုက္ခရောက်နေအုံးမယ်" ဆိုပြီး ဧည့်ခန်းတွင်သာထိုင်ရင်း လက်သည်းနီဆိုးနေတာပေါ့။

လက်သည်းနီဆိုးရင်း "နေပါအုံး မဟုတ်သေးပါဘူး ထွက်တွေ့လိုက်မှ ၊"

Jennie လည်း ကုတ်အကျႌကို ကောက်စွတ်ပြီး ထွက်တွေ့လိုက်တယ်။

ခြံတံခါးဖွင့်ဖွင့်ချင်း မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက Jennieကို အံ့အားသင့်စေခဲ့တယ်။ ဝါး .....

ကားလမ်းနံဘေးက ပလက်ဖောင်းပေါ်ဝယ်  အနီရောင်နှင်းဆီပွင့်ဖတ်လေးတွေနဲ့ အသဲပုံသဏ္ဍန်ပုံဖော်လို့ထားတယ်  အထဲမှာတော့ Happy birthday Jennie တဲ့၊ အဲနောက်မှာမှ ကောင်ကလေးတစ်ယောက် တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ဆင်ထားပြီး မျက်နှာဖုံးကပါစွပ်ထားတယ် ။ လက်ထဲမှာလည်း ဝက်ဝံရုပ်ကြီးနဲ့။

Jennie ထွက်လာတာမြင်တော့ ကောင်ကလေးကလည်းရှေ့ကိုတစ်လမ်းချင်းတိုးလာတာပေါ့ ။ Jennieရဲ့ရှေ့ တစ်ပေအကွာလောက်မှာနေရာယူပြီး
"Happy birthday par ! အများကြီးပျော်ရွှင်ပါစေ! " လို့ဆုတောင်းခြွေရင်း လက်ထဲက ဝက်ဝံရုပ်လေးကို ကမ်းပေးလိုက်တယ်။ ထို့နောက် ဘာစကားမှထပ်မပြောတော့ဘဲ  ကောင်ကလေး လှည့်ထွက်သွားခဲ့တယ် ။

မျက်နှာဖုံးနောက်ကွယ်က ကောင်ကလေးကိုတော့ ဘယ်သူဘယ်ဝါမှန်း Jennie မသိလိုက်ပေ။ မသိစိတ်ကတော့ထိုကောင်ကလေးကို မေတ္တာရှိနေပေပြီ။

အခန်းထဲရောက်တော့ ဝက်ဝံရုပ်လေးကိုရှေ့ချကာ
"ဘယ်သူကများ ဒီဝက်ဝံရုပ် ကို လာပို့တာပါလိမ့် "လို့ စဉ်းစားရင်း သူရဲ့ အရင်ရည်းစားဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက်ခေါင်းထဲပေါ်လာတာပေါ့။  ဟူး .....ငါအတော်မျက်နှာများခဲ့ပါလား။ အား......မသိတော့ဘူး " ဆက်မတွေးတော့ဘဲ ကုတင်ပေါ်တွင် ပစ်လဲပြီး အိပ်ပျော်သွားလေသည်။

တီးးတောင် ..၊.တီးတောင်....

Chaeyoung > အိမ်ရှေ့မှာဘယ်သူပါလိမ့် သွားကြည့်အုံးမှ

ကျွီး.....တံခါးဖွင့်လိုက်တော့

Chaeyoung >oppaaa

Jisoo >Lisa အိမ်မှာရှိတယ်မလား

Chaeyoung > မရှိဘူး

Jisoo > မရှိဘူးလား ဘယ်သွားတာလဲ

Chaeyoung > မသိဘူး ဘာမှပြောမသွားဘူး

Jisoo > ဟုတ်လား ဒါဆို ဒီစာအုပ်လေးပေး ပေးပါလား

Chaeyoung > Nae

Jisoo လက်ထဲက စာအုပ်ကိုလှမ်းယူရာတွင် နွေးထွေးနေတဲ့ လက်ကလေးကို မတော်တဆ ထိမိသွားရာ နစ်ဦးသား အထိအတွေ့အာရုံတွင် ခဏတာ နစ်မြောသွားလေသည်။

Jisoo > ကျေးဇူးဘဲ  ဒါဆိုသွားပြီနော်

Chaeyoung > ခနလေး 

အကျႌလက်ကို ဆွဲထားတယ်

Jisoo > ဘာပြောစရာရှိသေးလို့လဲ 

Chaeyoung > ဘာမှမဟုတ်ဘူး ပြန်တော့

Jisoo > လွှတ်ပေးအုံးလေ

Chaeyoung >aww.....nae

Jisoo က ပြုံးစိစိလုပ်နေတော့ Chaeyoung လည်းရှက်ပြီး ခေါင်းကိုငုံ့ထားတာပေါ့ ။

"သွားပြီး"  chae ရဲ့ ဆံပင်လေး လက်နဲ့ဖွပြီးထွက်သွားတော့တယ် ။

Chae ကတော့ သူခေါင်းလေးကို ကိုင်ကာ ပျော်လည်းပျော် အံ့လည်းအံ့သြနေခဲ့တာပေါ့။ ရင်တွေလဲ ခုန်လို့😁😁။

စီနီယာ မမ {Jenlisa}[Complete]Where stories live. Discover now