part 2

141 26 3
                                    

Zawgi

မြစ်ပြင်ဆီက အေးသသလေက တစ်ရိရိတိုးကပ်ကာ တိုက်ခတ်သွားသည်မို့ သူစိတ်ကြည်နူးသွားသည်။
ပင်ပန်းနေတဲ့အချိန်မျိုး အခုလိုလေအေးကိုပဲ လိုအပ်ကြ တာမဟုတ်လား။ သူလည်းလူသားပေမို့ ထိုအေးချမ်းမှု ကိုသဘောကျပါရဲ့...။

"အ့"

လေညှင်းကို တစ်ခုပ်တယခံနေတုန်း ညည်းသံသဲ့သဲ့ကြောင့် ဘေးဘီဝဲယာကြည့်မိတော့ သဲသောင်းပြင်တွေကြား သွေးသံရဲရဲဖြင့်လူးလိမ့်နေတဲ့ လူတစ်ဦး...။ ဆတ်ခနဲတုန်ကာ ကြောက်ရွံ့မှုကြောင့် ထွက်ပြေးမည်ပြင်သော်ငြားလည်း ခြေထောက်တွေဟာ ခဲဆွဲထားသလိုမလှုပ်နိုင်ခြေ။

"ကယ်ပါ"

တိုးသသထိုအသံကြောင့် ဘာရယ်မတွေးမိပါပဲ အရဲစွန့်၍
အိမ်ကိုသာ ကားနှင့်တင်ခေါ်လာခဲ့လေသည်။

ကိုယ်လုံးအပြင်အရပ်အမောင်းကပါ သူ့ထက်ထွားသော ကြောင့် အိပ်ယာထက်လည်းရောက် သူ့မှာ ခြေကုန်လက်ပန်းကျရလေသည်။ ထိုလူကတော့ အဆန့်သား လှုပ်ပင်မလှုပ်တော့ခြေ။

"ဒီမှာ..... ထပါအုံး ဟေ့လူ"

သူဘယ်လောက်ခေါ်ခေါ် ထိုလူဟာထမလာခဲ့... ။ သေသွားပြီလားဟုသော စိုးရိမ်မှုကြောင့် နှလုံးခုန်နှုန်း တွေစစ်ရတာအခါခါ..။ အင်္ကျီတွေချွတ်ပေးပြီး ဝမ်းဗိုက်နဲ့လက်မောင်းဆီက ဒဏ်ရာကိုဆေးထည့်ပေး တော့ ဆတ်ခနဲ့တုန်နေတဲ့ထိုလူ့ကြောင့် လက်ဖဝါးကို သာဖိကိုင်ထားပေးမိသည်။

အသေအခြာဆေးထည့်ပြီးချိန်မှာတော့ ဖြူလွလွပတ်တီးက ထိုလူရဲ့အညိုရောင်အသားတွေ ပေါ်မှာထင်းလို့နေသည်။ နှဖူးဆီရေဝတ်တိုက်ပေးတော့ ဖြတ်ခနဲပွင့်လာတဲ့မျက်လုံးတွေကြောင့် ရင်ထဲဒိန်းခနဲရယ်။

"မင်းဘယ်သူလဲ!!"

အမေးသံသြသျှသျှအဆုံး ထိုလူဟာသူ့လက်တွေကတဆင့် ဆွဲပွေ့ယူကာ သူ့လည်ပင်းကိုဖိညစ်ထားလေသည်။ အသက်ရှူကျပ် လာတဲ့အခြေအနေအပြင် ကယ်မိတာမှားပါရော့လား ဟုသော နောင်တကကပ်ပါလာသည်။

"အစ်.....ကယ်....ထား"

သူစကားပင်မဆုံး လည်ပင်းဆီက လက်တွေကိုဖြည်ကာ ဘာမှမဖြစ်သလို ပြန်ထနေသည့် ထိုလူကြောင့် သူ့မှာတအံ့တသြ..။ သေလောက်သည့်ဒဏ်ရာတွေက တစ်စက်မှမနာဘူးတဲ့လားလေ...။

SWAYWhere stories live. Discover now