Z&U
စူးစူးရဲရဲအော်သံကြောင့် နန်းဂျွန်မနိုးချင်ပဲ နိုးလာရသည်။ လူက အိမ်ရှင်လေးအိမ်ဝရောက်ကတည်းက ခြေသံကြောင့်နိုးနေသော်ငြား အန္တာရယ်မရှိသည်မို့ ဆက်အိပ်ဖို့သာ အားသန်နေမိသည်။ ခန္ဓာကိုယ်မှာအဝတ်မကပ်တာ ခဏမေ့သွားမိသည်မို့..။
"ခင်ဗျားအရှက်မဲ့လှချည်လား"
ဂျောင်ကုသပတ်တစ်ထည်ကို ဆွဲဖုံးပေးရင်း စိတ်မရှည်စွာ အော်ဟစ်တော့ အိပ်မှုံစုံမွှားနဲ့ တစ်ဝါးဝါးသန်းရင်း ထလာသောထိုလူက ဘာကိုမှအာရုံမစိုက်သလိုရယ်။
"မေ့သွားလို့ပါကွာ ယောက်ျားချင်းပဲ သူ့ပစ္စည်းငါမြင် င့ါပစ္စည်းသူမြင်တာ ထူးစမ်းတာမှမဟုတ်တာကိုကွာ"
"ခင်ဗျားမထူးစမ်းပေမဲ့ ကျွန်တော်ထူးစမ်းတယ်ဗျ ဘယ်သူနဲ့မှကျွန်တော်က ရောသောကောသော နေတာမဟုတ်ဘူး"
"ဒါဆိုမင်း စစ်မှုထမ်းတုန်းက ဘယ်လိုနေလဲ ဟမ်"
ပက်လက်မလှန်အောင် လက်ပြန်ထောက်ကာ ပျင်းတိပျင်းရွဲ ကြည့်နေသောထိုလူ့မျက်နှာကို ဂျောင်ကုဆွဲကုတ်ပြစ်ချင်လာသည်။ ဒါသက်သက်လူကိုစွတာ။
"အဲ့ဒါက အဲ့တုန်းက အခုကအခုမတူဘူး"
"စေးကုတ်မနေပါနဲ့ကွာ မိန်းကလေးမှမဟုတ်တာ နော့"
နှားခေါင်းကိုလက်ဖြင့် ဖျစ်ကာဗီဒိုတံခါးကိုဆွဲဖွင့်၍ အင်္ကျီယူနေသည့်ပုံက သူ့အိမ်သူ့ယာလိုပင်။ ဖျစ်ညစ်ခံရ၍ ရဲသွားသော နှာခေါင်းကို အသာအယာလာပွတ်ကာ ခပ်မဲ့မဲ့ပြုံးရင်း နှဖူးကိုလက်ဖြင့် တောက်သွားသော ထိုလူကို ဂျောင်ကုဘာမှမတုံ့ပြန်လိုက်ရသည်မှာ စိတ်တိုစရာပင်ဖြစ်၏။
"ကဲ ရာသီဥတုက ကောင်းလိုက်တာကွာ "
မျက်နှာရေစက်လက်ဖြင့် ထွက်လာသည်မို့ ရေစက်အချို့က အင်္ကျီပေါ်တစ်ပေါက်စီ အပြေးအလွှားပြုတ်ကျတော့သည်။
"ခုဏကတည်းကမျက်နှာသစ်မှာဆို အင်္ကျီပြီးမှဝတ်ပါလား အခုတော့စိုကုန်ပြီ"
မနေတတ်စွာလှမ်းခါပေးနေသော ကောင်လေးကို နန်းဂျွန်တကယ် စိတ်ဝင်စားမိသည်။ အနည်းငယ်လေးအတိမ်းအစောင်း မခံသောထိုကောင်လေးက မျဥ့်ဖြောင့်တစ်ကြောင်းလို တစ်သတ်မတ်တည်း။ နန်းဂျွန်လို ကွေ့ကောက်နေသောမျဉ်းနှင့်တော့ ကွာလှ၏။