part 3

118 22 2
                                    

Z&U

ညနေခင်းလောက်ရောက်တော့ စိုက်ခင်းထဲထပ်သွားရမှာမို့ ဂျောင်ကုကားပြင်နေလေသည်။ ထိုလူကတော့ သူကြော်ထားတဲ့ သီးစုံကျော်နဲ့ဟင်းချိုနဲ့ ထမင်းနဲ့ကို လွေးနေလေရဲ့။ စားပါ စားတာကမပြောလိုပါဘူး ကိုယ်တောင် ကုသိုလ်ရသေးသည်မဟုတ်ပါလား။ ဒါပေမဲ့ ချက်တာကဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ပြီးတော့မစားတာမဟုတ် အကုန်လုံးကိုတစ်ယောက်တည်း စာမတတ်သိမ်းကျုံးစားသွားပြီး ချီးကျူးစကားမထွက်တဲ့ပါးစပ်။

"ပြောကိုမပြောချင်ဘူး "

သွားကာနီးထိ ပွစိပွစိလုပ်ကာပြောနေတဲ့ ကောင်လေးကြောင့် နန်းဂျွန်မှာလည်း နားတွေထဲကလေထွက်မတတ် ခံစားရလေသည်။ စကားပြောပါတယ်ဆိုတဲ့ ဆော့ဂျင်ဟျောင်းထက်ကို ပြောလွန်းတယ်။

"မပြောနဲ့ပေါ့ မင်းကိုဘယ်သူက ပြောခိုင်းနေလို့လဲ"

"ခင်ဗျား ကိုယ်လုံးတီးနဲ့ အပြင်ထွက်လာရလား တစ်ခုခုဝတ်ထားလေ"

အိမ်ရှေ့ထိထွက်လာကာ ရန်စောင်နေသည့်ထိုလူက အင်္ကျီကိုယ်မှာကပ်မနေ။ သူတောင်ဘယ်တုန်းကမှ အင်္ကျီကိုယ်လွတ်ဖြင့် မနေဖူးပါခြေ။ ကိုယ့်အိမ်မှာကိုယ်နေတာတောင် အင်္ကျီပါးပါးလေးတော့ ဝတ်ထားမြဲ။ အင်္ကျီလွတ်နေတဲ့ ကိုယ်လုံးကြီးကိုတွန်းကာ အိမ်ထဲဝင်လာလိုက်လေသည်။

"ငါကိုယ်လုံးတီးမနေပါဘူး အောက်မှာဘောင်းဘီပါတယ်လေ"

ကြည့်ပါ့လား ပြောပုံကိုကကန့်လန့်။ နေပါဦး ဂျောင်ကုကပဲ ထိုလူ့အိမ်ကပ်နေတာလား ထိုလူကပဲဂျောင်ကုအိမ် ကပ်နေတာလား မသဲကွဲ။ ပြောလိုက်ရင် အပေါ်ကချည်း ဘယ်တော့မှ အောက်မဆင်း။

"အပေါ်မှာပါလား ခင်ဗျားအပေါ်မှာတစ်ခုခုဝတ်ထားအုံးမှပေါ့"

"ကိုယ့်အိမ်ကိုယ်နေတာပဲ ဘာဝတ်စရာလိုလည်း"

"အောင်မာ ဒါခင်ဗျားအိမ်လား ကျွန်တော့်အိမ်လေ မရဘူးကျွန်တော့်စည်းကမ်းအတိုင်း နေရမယ်"

"ငါမှမဝတ်ချင်တာ အင်္ကျီမှာသွေးတွေပေနေပြီ မဝတ်ချင်ဘူး"

ဒင်းကများကြီးကြီးကျယ်ကျယ် သူ့အင်္ကျီကတော်တော် ကောင်းတာဆိုတော့ နေရာတကာအကုန်ပြဲနေတာကိုများ သွေးပေနေလို့လေး ဘာလို့လေးနဲ့။

SWAYWhere stories live. Discover now