Story description

15 0 1
                                    

အရပ်ပု၊ ကြွယ်၀ချမ်းသာပြီး ချောမောသောလင်းဖေးရန်သည် အမြဲတမ်းအာရုံစိုက်စရာတစ်ဦးဖြစ်ခဲ့သည်။ သို့သော်သူ၏ဒုတိယနှစ်အထက်တန်းကျောင်း၌ကျောင်းပြောင်းပြီးသောအခါသူသည်သူ၏ထင်ရှားကျော်ကြားမှုအားသူ၏အတန်းဖော် ကူခိုင်‌ဖုန်း မှသိမ်းယူခဲ့သည်ကိုတွေ့ရှိခဲ့သည်။

လင်းဖေးရန်သည်အလွန်မကျေမနပ်ဖြစ်ပြီးသူနှင့်ကူခိုင်‌ဖုန်းသည် ရန်သူတော်များ (တစ်ဖက်သတ်) ဖြစ်လာခဲ့သည်။ သူတို့နှစ် ဦး အတူတကွနေထိုင်ခဲ့ကြသော်လည်းသူစိမ်းများနှင့်တူသည်။

လင်းဖေးရန် သည် အဘိုး၏ဈာပနအခမ်းအနားကို တက်ရောက်ရန် အိမ်ပြန်ရောက်သောအခါ မျိုးဆက်တစ်ခုမှမျိုးဆက်တစ်ခုသို့ လက်ဆင့်ကမ်းခဲ့ရသော Yin-Yang မျက်လုံးများကိုမတော်တဆအမွေဆက်ခံခဲ့ရသည်။ တစ္ဆေများမြင်နိုင်စွမ်းရရှိပြီးနောက် ကြောက်နေသောလင်းဖေးရန် သည် သူ၏လူနှစ်ယောက်အဆောင်သည် ဆယ့်ခြောက်လူ (တစ္ဆေ) နေတဲ့အခန်းဖြစ်သည်ဟုသိလိုက်ရသည်။ နေ့တိုင်းသူသည် မူးလဲလောက်သည့်အထိကြောက်ခဲ့သည်။

ပို၍ ဆိုးရွားစေသည့်အရာမှာ ကူခိုင်‌ဖုန်း ၏ပင်ကိုယ်ဖွဲ့စည်းပုံအရသူသည် ယန်စွမ်းအင်အမြောက်အများ ပိုင်ဆိုင်ထားသည်။ လင်းဖေးရန်က ကူခိုင်‌ဖုန်း ကိုထိသည့်အခါတိုင်း ကူခိုင်‌ဖုန်း ၏ယန်စွမ်းအင်သည် Yin-Yang မျက်လုံးများကိုခေတ္တပိတ်ထားနိုင်သည်။ ဖွဖွလေးထိရင် ငါးမိနစ်ခန့်၊ နမ်းလျှင် တစ်နာရီ စသည်ဖြင့်ပေါ့။

လင်းဖေးရန် သည် မိမိရန်သူတော်၏ရင်ခွင်ထဲသို့ ပစ်၀င်ရန်မှအခြားရွေးချယ်စရာမရှိတော့။ ကူခိုင်‌ဖုန်း နှင့်ရင်းနှီးလာဖို့ သူ၏သဘောထားနှင့် အပြုအမူများသည် လုံးဝပြောင်းပြန်လှန်လိုက်သလို ပြောင်းသွားပြီး မိုးလင်းမှ မိုးချုပ်ထိ ဇွဲကြီးစားကပ်နေတော့သည်။

ကူခိုင်‌ဖုန်းအိပ်နေရင် တစ်အိပ်ရာတည်းတွင် ဖြစ်ညှစ်၀င်အိပ်ရမည်။ အိမ်သာသွားချင်ရင် သူက ကူခိုင်‌ဖုန်း ကိုသူဆွဲခေါ်သွားရမယ်။ အိမ်စာ? ကူခိုင်‌ဖုန်း နဲ့လက်ချင်းချိတ်ပြီးလုပ်ရမယ်။ သူဟာ ကူခိုင်‌ဖုန်းနဲ့တူတူထိုင်ရအောင် ဆရာကိုဆွဲဆောင်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ရတယ်။ နေ့တိုင်းအတန်းထဲတွင်သူသည်စားပွဲခုံအောက်ရှိခြေထောက်နှင့် ကူခိုင်‌ဖုန်း၏ ခြေသလုံးကိုပွတ်လေ့ရှိသည်။

ဒီရုတ်တရက် ပြောင်းလဲသွားတဲ့ တွယ်ကပ်နေတဲ့ ကောင်စုတ်လေး စရိုက်ကြောင့် အစက ကြောင်နေတဲ့ ကူခိုင်ဖုန်းသည် တဖြည်းဖြည်း ကြွေဆင်းလာသည်။ သူသည်နေ့စဉ် လင်းဖေးရန် နောက်လိုက်ပြီး သူနှင့်flirtခြင်း၊ အရူးအမူးဝန်ခံခြင်းပြုခြင်း၊ နေ့စဉ်ပုံမှန် နံရံပေါ်သို့တွန်းပြီး နမ်းခြင်းများ လုပ်တော့သည်.....

ကူခိုင်‌ဖုန်း -“ Don't You Like Me? I like you, so let's be together."

လင်းဖေးရန် -“ ငါမင်းကိုမကြိုက်ဘူး။ ငါနားမလာနဲ့"

ကူခိုင်‌ဖုန်း:“ ……”

ငါးမိနစ်ခန့်အကြာ, သရဲများမမြင်နိုင်ရန် ကူခိုင်‌ဖုန်း ကို ခိုးကြောင်ခိုးဝှက် လာထိသည်။

ကူခိုင်‌ဖုန်း သည်လှည့်၍ သူ့လက်ကို တန့်လိုက်ပြီး “မင်းငါ့ကိုခုပဲငြင်းပြီး၊ ဘာလို့ပြန်လာ flirtနေတာလဲ!”

လင်းဖေးရန် -“ဘယ်သူက မင်းနဲ့ flirtနေလို့လဲ။ ငါမတော်တဆ မင်းကို ထိမိသွားတာ၊ မင်းကိုပြန်ကြိုက်မယ်လို့ ထင်မ‌နေနဲ့ "

အိုး.... အဲ့ဒါပါပဲ

Don't You Like Me <<Myanmar translation>>Where stories live. Discover now