Ch2 - Sitting Down Loudly!

6 0 1
                                    

ကန်တင်းရောက်တော့ သူမြန်မြန်စားလိုက်ပြီး လင်းဖေးရန် စာသင်ခန်းဆီ ပြန်လာခဲ့တယ်။ သူက အိမ်စာတွေကို မြန်မြန်ပြီးသွားအောင် လုပ်ချင်နေတယ် အဲ့ဒါမှ ညကျ သူ့အခန်းကိုရောက်ရင် အေးဆေးနားလို့ရမှာ။

Self-studyချိန်ပြီးတော့ ကျောင်းသားတွေ ညစာစားလို့ရအောင် နားချိန်အများကြီးပေးထားတယ်။ break timeပြီးသွားရင်တော့ ည 8နာရီထိ ညနေခင်း self-studyချိန်ရှိတယ်။

လင်းဖေးရန် သူ့ခုံဆီသွားပြီး mathလေ့ကျင့်ခန်း စာအုပ်ကို ဖွင့်လိုက်တယ်။ သူပုစ္ဆာ2ပုဒ် ဖြေရှင်းပြီးတဲ့ချိန်မှာပဲ ကူခိုင်ဖုန်း စာရွက်တစ်ထပ်ကြီးကို သယ်ပြီး အတန်းထဲ၀င်လာတာကို တွေ့တယ်။ ကြည့်ရတာ ဆရာတစ်ယောက်က ကော်ရစ်ဒါမှာ သူ့ကိုဆွဲပြီး စာရွက်တွေ ပို့ခိုင်းလိုက်တယ်နဲ့တူတယ်။

ကူခိုင်ဖုန်းက သူ့ရဲ့ချောတဲ့မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ essayစာရွက်တွေကို တစ်ယောက်ပြီးတစ်ယောက် ဝေပေးနေတယ်။ လင်းဖေးရန် လိုက်ကြည့်လိုက်တော့ လွန်ခဲ့ ရက်က Literatureဆရာ တင်ခိုင်းထားတဲ့ eassyစာရွက်တွေမှန်း သိလိုက်တယ်။

လင်းဖေးရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စိတ်လှုပ်ရှား‌စွာ 1မီတာပဲဝေးတဲ့ ကူခိုင်ဖုန်းကို သေချာကြည့်နေတယ်။

လင်းဖေးရန်ရှေ့က ကျောင်းသားကို စာရွက်ပေးပြီးတဲ့ချိန်မှာ ကူခိုင်ဖုန်းအကြည့်က သူ့လက်ထဲက နောက်စာရွက်ဆီ ရောက်လာတယ်။ စာရွက်ထောင့်စွန်းကို ကိုင်ထားတဲ့လက်က ခဏတန့်သွားပြီး သူ့မျက်လုံးတွေက စာရွက်ပေါ်မှာ 3စက္ကန့်လောက်ရပ်သွားတယ်။ ကူခိုင်ဖုန်းရဲ့ နှုတ်ခမ်းတစ်ဖက်က အပေါ်ကို မြင့်တက်သွားသည် - အဲ့အပြုံးက နည်းနည်းလှောင်ရိပ်သန်းနေသလိုပဲ။

လင်းဖေးရန် နှလုံး‌ကတော့ ခုန်ပြီးရင်း ခုန်နေပြီ

ကူခိုင်ဖုန်းက သူ့အပြုံးကို ပြန်သိမ်းလိုက်ပြီး၊ လင်းဖေးရန်ရှေ့မှာ essayစာရွက်ကို ချလိုက်တယ်။ ထို့နောက် ခေါင်းကိုလှည့်လိုက်ပြီး ကျန်တဲ့စာရွက်‌တွေကို ကျောင်းသားတွေဆီ လိုက်ပေးသည်။

"......" လင်းဖေးရန်က သူ့ရှေ့က နီနီရဲရဲ "15" ဆိုတဲ့ အမှတ်ကို ကြည့်နေတယ်။ စာရွက်အနောက်မှာလည်း "Straying off topic" ဆိုပီး Literatureဆရာရဲ့ မှတ်ချက်, 3လုံးက ထင်းလွန်းလို့ စာမျက်နှာတွေမှာပါ ဖောက်ပြီး မြင်နေရတယ်။  သူ့ရဲ့ နားရွက်နှစ်ဖက်လုံး နီရဲလာသည်။

You've reached the end of published parts.

⏰ Last updated: Mar 12, 2021 ⏰

Add this story to your Library to get notified about new parts!

Don't You Like Me <<Myanmar translation>>Where stories live. Discover now