Beginning

1.2K 110 0
                                    

⟨Unicode⟩

" အား.....ကျွတ် ကျွတ် ကျွတ် နာလိုက်တာ "

မျက်လုံးမဖွင့်ရသေးခင်တစ်ကိုယ်လုံးနာကျင်နေသောကြောင့် အသံအရင်ဆုံးထွက်လာပြီး ညည်းမိသည်။ ထို့နောက် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖြူရောင် လွင်ပြင်ကျယ်ကြီးကလွဲ၍ သူ့မျက်လုံးထဲ ဘာဆိုဘာမှ မတွေ့ရမမြင်ရပေ။ သူအသံတိတ်သာ  ပတ်ဝန်းကျင်ကို အကဲခတ်နေမိသည်။

" ဒင် ကူးပြောင်းလာမှုအတွက် System 2443 မှကြိုဆိုပါတယ် "

သူ အသံကြားရာလှည့်ကြည့်မိတော့ ဘာဆို ဘာမှမတွေ့။

"  Host မမြင်နိုင်တာမို့ မရှာဖို့ပြောချင်ပါတယ်။ အခုတော့ ကျွန်တော်ပြောတာကို နားထောင်ပေးပါ "

သူနှုတ်ဆိတ်နေသောအခါ ထိုအသံပိုင်ရှင်က စပြောလာသည်။

" အခုHost ရောက်နေတာက ကျွန်တော်တို့ System 2443 ရဲ့ နယ်မြေသစ်မှာပါ။ Host ရဲ့အရင်ဘဝမှာ တစ်စုံတစ်ခုဖြစ်ခဲ့တာကြောင့်  ဒီနယ်မြေသစ်ကို ရောက်ရှိခဲ့တာပါ။ Host ရဲ့နာမည်ကလွဲလို့ တခြားအရာတွေကို Host ကမေ့နေပါလိမ့်မယ်။ အခုလက်ရှိ Host လုပ်ရမဲ့ တာဝန်က ကမ္ဘာပေါင်းများစွာကို သွားပြီး အကြောင်းမဲ့ သေဆုံးခဲ့ရတဲ့ လူတွေရဲ့အသက်ကို ကယ်တင်ရမှာ။ အခုရှင်းပြသွားတာတွေကို Host နားမလည်တာရှိရင်မေးနိုင်ပါတယ် "

" ငါက ဘာကြောင့် ဒီတာဝန်ကို ထမ်းဆောင်ရမှာလဲ "

" အချိန်ကျရင် အလိုလို သိရပါလိမ့်မယ် Host "

" မင်းပြောသလို လူတွေကို ကယ်တင်ရမယ်ဆိုတော့ ငါက ဘာပြန်ရမှာလဲ "

" Host ဘဝရဲ့အရေးကြီးဆုံးတစ်စိတ်တစ်ပိုင်းကို သိရမှာပါ "

" ငါငြင်းရင်ရော "

" ........ "

အတန်ကြာအောင် System ဘက်ကတိတ်ဆိတ်သွားပြီးနောက်....

" Host ဘက်က ငြင်းပယ်ခွင့်မရှိပါဘူး "

" ကောင်းပြီ ငါလက်ခံတယ် "

" အဲ့ဒါဆို Mission bar ကိုကြည့်ပေးပါ "

System 2443(Uni+Zawgyi)Where stories live. Discover now