Arc(1.8)

450 63 2
                                    

[Unicode]

ပိုင်ဖန်း စာကြည့်တိုက်ထဲမှ ထွက်လာတော့ သူ့နောက်က ခိုးလိုက်လာတဲ့ လူရှိကြောင်း သတိထားမိလိုက်သည်။
သေချာပေါက် သူ့အတွက် အန္တာရာယ်ရှိတဲ့ နောက်ယောင်ခံလ်ုက်မှုဆိုတာ လှည့်မကြည့်ပဲ သိတာမို့ ခြေလှမ်းကို သွက်လိုက်သည်။ 24 က သူစုံစမ်းခိုင်းထားစရာရှိလို့ ထွက်သွားတာကြောင့် အခုချိန် အားကိုးစရာဆိုလို့ သူကိုယ်တိုငါသာ။ အချိန်အတော်အကြာ လမ်းလျောက်ပြီး ကျောင်းပြင်မရောက်ခင်ခနမှာပဲ အရှေ့က ရှေ့လမ်းကြားကနေ ရုတ်တရတ် ပေါ်လာတာတဲ့ လူကြောင့် ပိုင်ဖန်း လန့်သွားကာ နောက်ဆုတ်ကာ အော်လိုက်မိသည်။

" အား! "

" ဟေ့ ဘာတွေလန့်နေတာလဲ "

" ဟင် ချီရွင်း "

" ဟက် မတွေ့တာကြာပြီနော် အသေးလေး အိုး မဟုတ်သေးဘူး လင်းသခင်လေး  "

" ‌ကျွန်တော် ဘယ်သူလဲဆိုတာ သိရင် လမ်း‌ဖယ်ပေး "

" အိုး ကြောက်လိုက်တာကွာ ။ လင်းအိမ်တော်ရဲ့ သခင်လေးရယ်။ လုပ်စမ်းပါ မင်းသတ္တိရှိရင် ကိုယ့်ကို ရအောင်ဖယ်လေ ။ "

" ခင်ဗျား ကတော့အသားနာခံချင်နေပြီထင်တယ် "

" လေကြီးလိုက်တဲ့ ပေါက်စ "

သူအရပ်ကို နှိမ်ပြီး ပိုင်ဖန်းကို မထိတထိပြောလာတဲ့စကားကြောင့် ပိုင်ဖန်းဒေါသထွက်သွားသည်။ သူအမုန်းဆုံးက သူ့အရပ်ကို လာထိခိုက်တာပင်။

" ဟက် ခင်ဗျားက သေချင်နေတာပဲ ... မတောင်းပန်တော့ဘူးနော် "

" ဝုန်း ဒုန်း ခွမ်း !! "

လမ်းကြားထဲကနေ လေချွန်ကာ အေးအေးလူလူ ထွက်လာတဲ့ ပိုင်ဖန်းကတော့ ကျောင်းရှေ့မှာ သူ့ကိုလာကြိုတဲ့ ကားပေါ်သို့ တက်ကာလိုက်‌သွားတော့သည်။ လမ်းကြားထဲမှာ ကျန်ခဲ့တဲ့ ချီရွင်းကတော့ သူ့ခွကြားလက်အုပ်ကာ လူးလှိမ့်ကာကျန်ခဲ့တော့သည်။

ထိုအဖြစ်ပျက်ကို မှတ်တမ်းတင်ထားတဲ့ တစ်စုံတစ်ယောက်လည်းရှိလေသည်။

ပိုင်ဖန်း လင်းအိမ်တော် ကို ရောက်တဲ့ အခါမှာတော့ လင်းယွင်ကလည်း ပြန်ရောက်နေပြီဖြစ်သည်။ လင်းအိမ်တော်က တစ်ခုလုံးက သူ့ကို ဝမ်းသာစွာကြိုဆိုကြပြီး အကုန်လုံးက ပိုင်ဖန်းကို အလိုလိုက်ကြသည်။ ပိုင်ဖန်းကတော့ သူကြည့်နေကျ ဇာတ်လမ်းထဲကနဲ့ မတူတာကြောင့် အံ့ဩမိသည်။ ဟုတ်တယ်လေ ဇာတ်လမ်းထဲမှာဆို အမွေတွေပြိုင်လု ၊ ညီအစ်ကိုအချင်းချင်း မောင်နှမှအချင်းချင်း သတ်ဖြတ်နေကြတာ လမ်းအိမ်ကတော့ တော်တော်လေး သမာဓိကောင်းပြီး စည်းကမ်းရော၊သစ္စာပါရှိကြသည်။ပိုင်ဖန်းတကယ်ကို လင်းအိမ်တော်ရဲ့ ဘိုးဘေးတွေကို ပြေးပြေးပြီးသာ ကန်တော့ချင်တော့တယ် ။

System 2443(Uni+Zawgyi)Where stories live. Discover now