Arc(1.9)(End)
466 54 2
Unicode
   ပိုင်ဖန်း ရုံးခန်းက ထွက်လာတော့ 24 က သူပြန်ရောက်ကြောင်း သတင်းပို့လာသည်။
* host ကျွန်တော်ရောက်ပြီ *
* အင်း မင်းယူလာတဲ့သတင်းတွေကိုတော့ ‌ငါတောင်းမှ ထုတ်ပေး။ အခုတော့ ငါတို့ game တစ်ခုလောက်သွားဆော့ကြမလား *
* host ဘာလုပ်ဖို့ကြံနေတာလဲ *
* နောက်တော့ သိမှာပေါ့ ... ဟက် .. သွားစို့ *
ပိုင်ဖန်း အပြင်သွားဖို့ပြင်နေတဲ့ အချိန်မှာပဲ
* host ဒီကမ္ဘာက အနီရောင်အဆင့်အန္တရာယ်ဖြစ်နေပါပြီ အခုထွက်မှရပါမယ် *
* ဘာ!! အဲ့တာဆို ငါရဲ့ကစားပွဲရော *
* host ဒီအချိန်မှာ host အသက်က ‌အရေးကြီးဆုံးပဲ နောက် 10 မိနစ်ပဲ အချိန်ရပါမယ် *
ထိုအချိန် ပိုင်ဖန်း သူ့‌ခေါင်းထက်၌ screen တစ်ခုပေါ်လာကာ count down ရေတွက်မှုစတင်လာတော့သည်။
ပိုင်ဖန်း 10 မိနစ်အတွင်း သူဒီခန္ဓာကိုယ်ပိုင်ရှင်အတွက် လက်စားချေမှုကို စတင်အသက်သွင်းလိုက်တော့သည်။ သူဒီကမ္ဘာ စရောက်ကတည်းက သူဖန်တီးထားခဲ့တာ အဲ့တာကြောင့် 10 မိနစ်ဆိုသော အချိန်က သူ့အတွက် လုံလောက်တာထက်ပိုသည်။ သူဒီကမ္ဘာမှာ နောက်ပြန်လှည့်ကြည်စရာတစ်ခုမှ မရှိချေ။ သိပ်မကြာခင်မှာ count down ရေတွက်မှုက 10 စက္ကန့်သို့ရောက်လာသည်။
* 5 4 3 2 1 0 *
ခနအကြာ ပိုင်ဖန်း ထိုနေရာ၌ လဲကျသွားတော့သည်။ သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားတော့သည်။
* ဘာဖြစ်သွားတာလဲ 24 *
* vrius ကြောင့် ပြဿနာတက်သွားပါ host ! အမြန်ဆုံးနောက်တစ်ကမ္ဘာကူးရပါမယ် *
* ဟမ်?  မင်း တို့ ... *
* ကူပြောင်းမှုစတင်ပါပြီ *
* ဒင် ကူးပြောင်းမှုအောင်မြင်သွားပါပြီ *
_________________________________
နောက်တစ်ကမ္ဘာစပါပြီ။ ပထမကမ္ဘာမို့ မသေမသပ်ဖြစ်သွားရင် တောင်းပန်ပါတယ်။ update မှန်အောင်ကြိုးစားပေးမယ်နော်။
Zawgyi
* 5 4 3 2 1 0 *
* ဘာဖြစ်သွားတာလဲ 24 *
* ဟမ်?  မင်း တို့ ... *
_________________________________
System 2443(Uni+Zawgyi)Where stories live. Discover now