Arc(1.5)

672 99 9
                                    

⟨⟨Unicode⟩⟩

ဝန်းချန်းရန်ပေါ် ထွက်လာမှုက အိမ်တော်များကို အံ့ဩစေမှုအပြင် ရိုက်ခတ်မှုကြီးပါ ဖြစ်ပေါ်စေခဲ့သည်။ ဝန်းအိမ်တော်တစ်ခုလုံးဟာ အပြုံးများတောက်ပနေပြီး ကျန်အိမ်တော်များက အားတင်းထားရသော အပြုံးများဖြစ်နေသည်။ ဝန်းချန်းရန်ဟာ မကြေညာဘဲနှင့်ကို ဝန်းအိမ်တော်၏ ဆက်ခံသူအလောင်းလျာဆိုတာသိရှိခဲ့တော့သည်။ တစ်ချို့ကတော့ ဒုတိယရသည့် ပိုင်ဖန်းကို သိချင်နေကြပြီး တစ်ချို့က လင်းယွင်ဟာ ဘယ်မှာရှိနေမလဲဆိုတာ သိချင်နေကြသည်။ ဝန်းချန်းရန် ဟာ ဝန်းအိမ်တော်ရဲ့ ပင်မနေရာမှာရှိနေပြီဖြစ်သောကြောင့် လင်းယွင်နဲ့ပိုင်ဖန်းထွက်လာမှာကို စောင့်နေကြသည်။ လင်းအိမ်တော်ဟာလည်း လင်းယွင် မရှိသေးသော်ညား မျက်နှာပန်းပွင့်လျက်ရှိနေသည်။ သူတို့အိမ်တော်က တရားဝင်သားလင်းယွင်(လက်ရှိ)ဟာ တတိယမဟုတ်ပါလား။
ပိုင်ဖန်းကို ပိုင်အိမ်တော်ကဟ ထင်နေသော်လည်း ပိုင်အိမ်တော်ရဲ့မျက်နှာအနေအထားအရ မဟုတ်မှန်းသေချာသည်။ ပိုင်ဖန်း ဆိုသည့်ကောင်လေးဟာ ဘယ်သူလဲဆိုတာ စိတ်ဝင်စားနေကြသည်။ ကျွင်းရုန်လန်(ဇာတ်လိုက်)ဟာ သူသိတဲ့ ထိုကောင်လေးဖြစ်စေချင်ပြီး ချန်မေယွီ(ဇာတ်လိုက်မ) ကတော့ မဟုတ်ပါစေနဲ့ဆုတောင်းနေသည်။ သူမ၏ဆန္ဒကို မိုးနတ်မင်းက မကြားချင်ယောင်ဆောင်လေခဲ့သလား.....

‌လင်းယွင်လက်ဖဝါးကို ကိုင်ကာထွက်လာတဲ့ ပိုင်ဖန်းကြောင့် သူမမှာ ယိုင်ခနဲဖြစ်သွားသည်။ ကျွင်းရုန်လန်ဟာ သူ့ရှေ့က သက်ရှိကြွေရုပ်လေးကို ငေးနေမိတာမို့ ဇာတ်လိုက်မရဲ့မျက်နှာကိုမမြင်လိုက်။ ဝန်းချန်းရန်ဟာ အသံနဲ့ကြွေပြီးသာဖြစ်နေသော်လည်း ရုပ်ကလေးမည်လိုက်ရတဲ့အခါမှာတော့ ရင်ခုန်သံတွေဟာ တားမရစီးမရ။ မျက်နှာကတည်နေသော်လည်း မျက်ဝန်းတွေဟာ ထိုကောင်လေးဆီကတစ်ချက်မှမခွာ။ လင်းအိမ်တော်ဟာ အံ့ဩသင့်နေကြသည်။

"  ဖေဖေ "

လင်းယွင်ရဲ့ သခင်ကြီးကို ခေါ်သံကြားမှ သတိဝင်လာကြသည်။

" သူက ??? "

" ကျွန်တော့...... ညီလေးပါ ။"

လင်းယွင်ရဲ့ ကျွန်တော့ပြီးတော့ဆက်မပြောသေးပဲအချိန်ဆွဲနေတာကြောင့် ပိုင်ဖန်းလက်တို့လိုက်မှ ညီဟုဖြေလေသည်။ လင်းယွင်ရဲ့စကားအဆုံးမှာတော့ သခင်ကြီးဟာ ရှော့ခ်ရသွားသည်။

System 2443(Uni+Zawgyi)Where stories live. Discover now