Part 1

1.7K 134 9
                                    

Unicode

"ဟိတ်ကောင်!!!!"

" အောင်မလေး!! လန့်လိုက်တာ "

အခန်းတံခါးကို ဝရုန်းသုန်းကားဖွင့်ဝင်ပြီး အသံကျယ်ကျယ်နှင့် အော်ခေါ်လိုက်တော့ ထုံးစံအတိုင်းပင် စာရေးစားပွဲတွင်ထိုင်နေရင်းနှင့် ထခုန်မတတ်တွေလန့်ဖြန့်သွားသောသူကြောင့် YeonJun ခွက်ထိုးခွက်လန်တွေဗိုက်နှိပ်ရယ်တော့သည် ။

"  CHOI YEONJUN!!  အဲ့လိုမစပါနဲ့ဆိုနေ သေမလို့လား "

" မင်းကိုကအသည်းငယ်တာပါကွာ ငါအော်တာအဲ့လောက်မကျယ်ပါဘူး ယုန်သူငယ်လေးရယ် "

အံတကြိတ်ကြိတ်နှင့် ရန်စစောင်နေတာတောင် YeonJunတို့ကမမှတ်.....။ တိုး၍ပင်ထပ်စနေပြန်သည်။

" ဟာ ဟေ့ကောင် ပြောလေကဲလေပါလား သွားကွာသွား မင်းအိမ်မင်းပြန်တော့ လစ်တော့ ..."

အတည်ပေါက်ကြီးတွေနှင်ထုတ်နေတော့မှ အမောင်YeonJun ပြာပြာသလဲတွေဖြစ်ကုန်တော့သည်။

" မစတော့ဘူး ငါမစတော့ဘူး ... အခုမှရောက်တဲ့ဟာကို ချက်ချင်းကြီးတွေမနှင်ပါနဲ့ အချစ်ဆုံးကြီးရယ် "

" မျက်ခွက်မပြောင်နဲ့ Choi YeonJun"

" အေးပါကွာ "

နှစ်ယောက်ကြားငြိမ်းချမ်းရေးရပြီးသည်နှင့် SooBinတစ်ယောက် အာရုံတွေက ရေးလက်စစာထဲပြန်ရောက်ကာငြိမ်သက်သွားတော့သည် ။

YeonJunလည်းSooBinရဲ့အိပ်ရာပေါ်ဗုန်းကနဲ ပစ်လှဲလိုက်ကာ အခန်းထဲကို ဟိုသည်ကြည့်ပြီး မျက်လုံးကစားနေလိုက်သည် ။

SooBinအခန်းသည် သူ့အခန်းလို သန့်ရှင်းသပ်ရပ်မနေပါ။ ပိတ်ထားသောအဝတ်ဗီရိုထဲတွင် အဝတ်အစားတွေဖြစ်သလိုထိုးသိပ်ထားတတ်သည်။

ဝတ်ထားသည်များကိုလည်း တွေ့ရာနေရာ ဟိုချွတ်ပုံ ဒီချွတ်ပုံနှင့် လုပ်တတ်သေးပြန်သည် ။

ညတည်းက အိပ်ထားသည့်အတိုင်း အိပ်ရာလေးသည်လည်း တွန့်ကြေမွနေသည်မှာအမြဲ။ Choi SooBinဆိုသည့်လူသည် ဘယ်သောအခါမှ အိပ်ရာသိမ်းတတ်သည့်လူစားမျိုးမဟုတ် ။

ဒင်းရဲ့အဲ့လိုသောက်ကျင့်လေးတွေကို ဒင်းအနားတဝဲဝဲလည်နေကြတဲ့ နှုတ်ခမ်းနီမလေးတွေသိရင်ဘယ်လိုများနေမလဲမသိဟု ပေါက်ကရတွေးပြီး YeonJun မဲ့ပြုံးပြုံးလိုက်မိသည်။

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now