Part 3

642 110 11
                                    

တိတ်ဆိတ်နေတဲ့နံနက်ခင်းမှာ ကျယ်လောင်စွာမြည်ဟီးလာတဲ့ ဖုန်းသံကြောင့် သူလန့်နိုးလာခဲ့သည် ။ မနက်အစောကြီးအဝင်ကောလ်သည် မည်သူဆိုတာ ကြည့်စရာပင်မလို......။

မပွင့်တပွင့်မျက်လုံးတွေနဲ့ဖုန်းကိုကိုင်လိုက်သည် ။

" အင်းပြော ....."

" ဘာလုပ်နေလဲ..."

အသံကိုက တကယ်ပိုင်စိုးပိုင်နင်း ။

" အိပ်ရာထဲမှာ "

" ဘာ အခုထိမထသေးတာလား "

" ဖြည်းဖြည်းအော်ပါကွာ ငါနားကန်းတော့မယ် "

"ထားတော့ ဒီနေ့အားလား ....ဘာလုပ်စရာရှိလဲ "

" ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး ဒီနေ့အိမ်တွင်းအောင်းဖို့အစီအစဉ်ရှိတယ် "

" မရဘူး ချွဲဆူဘင်း!!!! ဘာမှမရှိရင် ငါနဲ့လိုက်ခဲ့ရမယ် ဒါပဲ "

" ဒီနေ့ပျင်းတယ်ယောန်ဂျွန်းရာ မသွားချင်ဘူး မနက်ဖြန်မှ..."

" ချွဲ ဆူ ဘင်း !!! ငါစကားကိုနှစ်ခါမပြောချင်ဘူးနော် "

တစ်ချက်လွှတ်အမိန့်တော်မို့ ဘယ်ငြင်းနိုင်ပါ့မလဲ.....။

" အေးပါကွာ မင်းသဘော မင်းသဘော ... ဘယ်သွားမှာလဲပြော "

အခုမှလက်မခံလျှင်အိမ်ထဲထိ တရွတ်တိုက်လာဆွဲတော့မည့် အခြေအနေရှိတာမို့ ဆူဘင်း လိုက်သွားဖို့ပြင်ရတော့သည် ။

"ငါတို့အသင်းကစီနီယာတွေ  ဟိုဘက်ကျောင်းကကောင်တွေနဲ့ ‌volleyball ဆော့ကြဖို့ပြောထားကြတာကွ အဲ့ဒါ မင်းနဲ့ငါပါ ဆော့မယ်လို့ငါပြောထားတယ် သွားရအောင် "

စလာပြန်ပြီ ......။

ဆူဘင်းနှင့်ယောန်ဂျွန်းနှစ်ယောက်လုံးသည်ကျောင်းတွင် volleyball teamထဲဝင်ထားကြသူများဖြစ်သည် ။ ဒါကလည်း ယောန်ဂျွန်းစနက်ပင် ။ သူတစ်ယောက်တည်းဝင်ချင်တာကို ဆူဘင်းနာမည်ပါ စာရင်းတစ်ခါတည်းပေးပစ်လိုက်တာမို့လို့ စိတ်မပါသော်လည်း အသင်းထဲတွင်ဝင်ကစားနေရခြင်းသာ.....။

ယောန်ဂျွန်းကတော့ volleyballကိုအလွန်အမင်းရူးသွပ်နေသူဖြစ်သည် ။ အလယ်တန်းကျောင်းသားဘဝထဲက volleyballကိုစဆော့ခဲ့ခြင်း ။

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now