Part 4

677 120 18
                                    

ဆူဘင်းနှင့်မျက်နှာချင်းမဆိုင်လိုတာမို့ သွားနေကျအချိန် ထပ်စောပြီး ကျောင်းသို့သူထွက်လာခဲ့လိုက်သည် ။

ဒီနေ့မနက်ပိုင်း volleyball အသင်းအတွက်လေ့ကျင့်ရေးရှိသည်ကိုလည်းသူမသွားတော့ဘဲနေပစ်လိုက်သည် ။ ဆူဘင်းနဲ့ဘယ်လိုမျိုး မျက်နှာချင်းတွေ့ပြီး ဘာစကားပြောရမှန်းသူမသိနေတော့ပါ ။

တစ်နေ့ညက အလွန်ဒေါသထွက်နေသည့် ဆူဘင်းမျက်နှာကိုပြန်မြင်ယောင်မိတော့ နောက်တစ်ကြိမ်သက်ပြင်းမောတစ်ခုကို လေးကန်စွာချလိုက်မိပြန်တော့သည် ။

သူ့စကားတွေကအတိုင်းအတာတစ်ခုအထိလွန်သွားမှန်းလည်း ယောန်ဂျွန်းသိသည် ။ အရင်လိုစရင်းနောက်ရင်းစိတ်ကောက်ကြတာမျိုးနဲ့မတူသည်မို့ ဘယ်လိုပြန်အဆင်ပြေအောင်လုပ်သင့်လဲ သူမတွေးတတ်တော့ ။

သူသိတာတစ်ခုက ဆူဘင်းသူ့ကို အမှန်တကယ်စိတ်ပျက်သွားခဲ့ပြီ ။

" ဘာလုပ်နေတာလဲ "

" ဘာလဲ ... မင်းကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ "

" မနက်ပထမဆုံးအချိန်ထဲကအတန်းထဲမှာ မရှိလို့ ဒီမှာထင်ပြီးလိုက်ရှာတာ "

ဟုတ်သည် ။ ဒီနေ့လည်းထုံးစံအတိုင်း ကျောင်းရောက်နေပေမယ့် အတန်းလစ်ပြီး လာနေကျခေါင်မိုးထပ်မှာသူရောက်နေခြင်း .....။

" လာမရှုပ်နဲ့ဂန်ဝူးရာ အေးဆေးနေပါရစေ ငါစိတ်မကြည်ဘူး "

ပြောလိုက်သည်ကို မကြားယောင်ဆောင်ပြီး နံရံကိုမှီထိုင်နေသည့် သူ့ဘေးတွင်တိုးကပ်ထိုင်လိုက်သည်မို့ စိတ်ပေါက်ပေါက်နှင့် အသံတိတ်ကျိန်ဆဲပစ်လိုက်မိသည် ။ တကယ့် အရှုပ်ထုပ်ကောင်ပဲ ။

"မျက်နှာကဘာဖြစ်ထားတာလဲ "

ဂန်ဝူးအမေးကြောင့်နှုတ်ခမ်းထောင့်ကဒဏ်ရာကို လက်နဲ့အသာထိကာသူ ခပ်ဟဟရယ်လိုက်ရင်း

" ဆေးလိပ်သောက်တာအိမ်ကမိသွားလို့ "

အိမ်ပြန်လာတဲ့အချိန်ထဲက အဖေနဲ့အမေ လုံးဝမသိခဲ့ပေမယ့် သူနဲ့ ဆူဘင်း အော်ကြီးဟစ်ကျယ်တွေထဖြစ်တော့ ဖုံးမနိုင်ဖိမရဖြစ်သွားခဲ့ခြင်း ။

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now