Part 7

357 48 11
                                    

"ချွဲဆူဘင်း တော်တော့ !! "

အောင့်နေတဲ့မျက်လုံးကိုတောင်ဂရုမစိုက်အားတော့ ဂန်ဝူးအင်္ကျီကော်လံစကိုဆွဲပြီး ထပ်ထိုးဖို့ပြင်နေတဲ့ ဆူဘင်းကိုတွန်းထုတ်ပြီး သူဂန်ဝူးအရှေ့ကကွယ်ရပ်ထားလိုက်မိတယ် ။

ရှင်းပြချင်မိတဲ့သူ့စကားတွေကလည်း ' ဘာမှမပတ်သက်တဲ့လူတစ်ယောက် ' ဆိုတဲ့ခေါင်းစဉ်အောက်မှာတင် သူ့နှုတ်ကထွက်မလာခဲ့တော့ ။

ဘာလို့လဲ ။ ဘာလို့ဒီလိုမျိုး ဒေါသထွက်ပြီး ခံပြင်းနေတဲ့မျက်နှာအမူအရာမျိုးနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တာလဲ ငါကအထင်မှားရအောင်လို့လေ ။

ငါလေ  ဒီအခိုက်အတန့်လေးမှာ ဂန်ဝူးပြောသလိုမျိုး ရူးရူးမိုက်မိုက်ပဲ လုပ်လိုက်ရမလားဆိုတဲ့အတွေး ဝင်လာခဲ့တယ် ဆူဘင်းရယ် ။

" ငါတို့ဟာငါတို့ နမ်းပဲနမ်းနမ်း ဘာပဲလုပ်လုပ်မင်းနဲ့ဘာဆိုင်လို့လဲ "

*တောက်ခ်*

ခပ်ပြင်းပြင်း တောက်ခတ်သံနဲ့အတူ ကျောခိုင်းသွားတဲ့ကျောပြင်ကျယ်က သူ့ကိုသိပ်ကိုဝမ်းနည်းစေပြန်သည် ။

အမြဲတမ်း ပျော်ရွှင်နေတတ်တဲ့ ကောင်လေးကသူ့ကြောင့် ဒေါသထွက်နေရတာမဟုတ်လား ။

အနောက်ကနေပြေးလိုက်ပြီး တကယ်ပဲဘာတွေကများမင်းကိုဒေါသထွက်စေသလဲဆိုတဲ့မေးခွန်းကိုမေးလိုက်ချင်ပေမယ့် သူ့ခြေထောက်တွေကခဲဆွဲထားသည့်အလား ။

"ယောန် . . ငါတောင်းပန်ပါတယ် ငါဒီတိုင်းစိတ်မထိန်းနိုင်ဘဲ . . . "

နှစ်ယောက်လုံး အချိန်အတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပြီးမှ ဖြူဖျော့ဖျော့ကောင်ငယ်လေးရဲ့အသံကတိုးတိမ်စွာ ။

" မင်းအမှားမဟုတ်ပါဘူး. . .  ငါကပဲတောင်းပန်ပါတယ် . . သူ့အစား "

"ရပါတယ် ဒီလောက်ကတော့ငါ့အတွက်အပျော့ဘဲ ငါ့အဖေရဲ့ ထရိန်နင်း တွေကိုခြေဖျားတောင်မမှီဘူး "

ပြီးတော့ သူတို့နှစ်ယောက်ဘာစကားမှဆက်မပြောဖြစ်တော့ဘဲ အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့ကြတယ် ။

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now