Part 9

184 31 11
                                    

နွေရာသီပိတ်ရက်တွေကုန်ဆုံးသွားပြီးနောက်မှာ စာသင်နှစ်တစ်နှစ်ပြန်လည်စတင်ခဲ့ပြီ ။

နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်လာတာနဲ့အညီ ကောလိပ်ဝင်ခွင့်တွေအတွက် လုံးပန်းရတော့မယ့်အကြောင်းတွေးမိရင်း ယောန်ဂျွန်းလေပူတစ်ချက်မှုတ်ထုတ်လိုက်မိတော့တယ် ။

လပတ်စာမေးပွဲမှာကျရင် ဒီနှစ်volleyballပြိုင်ပွဲဝင်မပြိုင်ရဘူးဆိုတဲ့ မာတာမိခင်ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် ပိုပြီးစိတ်ညစ်ရတာ ။

ဒီတစ်ခေါက်ပြိုင်ပွဲက သူ့ကျောင်းသားဘဝရဲ့နောက်ဆုံးအခွင့်အရေးတစ်ခုဖြစ်သွားခဲ့ပြီ ။ ဒါပြီးရင် သူဆယ်ကျော်သက်ဘဝကိုရော ကျောင်းသားဘဝကိုရော စွန့်လွှတ်လိုက်ရတော့မှာ ။

ဘယ်တက္ကသိုလ်ရဲ့အမှတ်ကိုမှီမှာလဲ ။ သူသိပ်‌တော့စိတ်မဝင်စားနေပေ ။

ကျောင်းပြီးရင်လည်း volleyball ဆက်ဆော့ချင်သေးတယ် ။ အားကစားဘက်ကိုဝင်အောင်လုပ်ရမလား ။

ချွဲဆူဘင်းကရော ။ SNU ကိုဝင်မှာလား ။ သူ့အရည်အချင်းနဲ့ဆိုရင် ဒါကတကယ်အလိုက်ဖက်ဆုံးပဲလေ ။

ဒါဆိုရင် . . သူတို့ အနာဂတ်မှာအတူမရှိနိုင်တော့ဘူးပေါ့ ။

ဆက်ပြီးမတွေးနိုင်တော့ဘူး ။ အနာဂတ်အကြောင်းတွေးလိုက်တိုင်းမှာ ချွဲဆူဘင်းကသူ့ဘဝထဲကနေ တဖြည်းဖြည်းချင်းနဲ့ဝေးကွာသွားတော့မှာကို ခံစားမိနေတာကြောင့် ။

"ချွဲယောန်ဂျွန်း . . အတွေးတွေမလွင့်နဲ့ အာရုံစိုက်! "

တစ်ယောက်စီအလှည့်ကျလေ့ကျင့်နေတုန်း အတွေးတွေဟိုရောက်ဒီရောက်ဖြစ်ကုန်တာမို့ serving ပေးလိုက်တဲ့ဘောလုံးကို receive တာလုံးဝဟန်ချက်ပျက်သွားတော့တာ ။

နည်းပြရဲ့သတိပေးသံကြောင့် သူသတိပြန်လည်လာရတယ် ။

"တောင်းပန်ပါတယ် "

" တောင်းပန်နေရုံမရဘူး သေချာလုပ် "

"ဟုတ်ကဲ့ "

"ကဲ ကဲ  ကလေးတို့ အစမ်းတစ်ပွဲ စကြည့်ကြမယ် ပြီးရင်ဒီနေ့ break မယ် လပတ်စာမေးပွဲတွေလည်းနီးပြီဆိုတော့ စာလည်းလုပ်ကြဦး !!

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now