- 18 -

1.3K 333 24
                                    

Unicode

Seoul မြို့မှ ထွက်ခွာလာခဲ့သော အဝေးပြေးကားလမ်းမကြီး ပေါ်တွင်ဖြစ်သည် ။

ချန်းယောလ် Bus ကား ပြတင်းတွင် ခေါင်းလေးမှီထားရင်း လမ်းဘေးတစ်လျှောက်မှ ကျူရိုးပင်ဝါဝါတို့ကို ငေးလာခဲ့၏။
Ear phone မှ ထွက်ပေါ်နေသော သီချင်းလေးကလည်း အနည်းငယ် လွမ်းဆွေးဖွယ်ကောင်းနေသလို ဆူဆူညံညံမဟုတ်ပဲ ခပ်တိုးတိုးလေး ဖွင့်ထားခြင်းသာဖြစ်သည်။

စာမေးပွဲပြီးပြီးချင်းနေ့ ပြန်မည်ဟု စဥ်းစားထားသော်လည်း ဆောင်းဝူနှင့်ယောင်ဂျွန်းတို့နှစ်ယောက် ဆွဲထားသောကြောင့် နောက်နေ့ မနက် 10 နာရီလောက်မှ ထွက်လာဖြစ်ခဲ့၏ ။
ကြည်လင်သော ကောင်းကင်ကြီးအောက်တွင် ရာသီဥတုက အနည်းငယ် ပူအိုက်ပူလောင်ဖြစ်နေသော်လည်း သည်းခံထားရင်း စောင့်မျှော်နေမည့် တစ်ဦးတည်းသောသူအတွက် မနက်ကားနှင့်ပင် လိုက်လာခဲ့ခြင်းဖြစ်သည် ။

အထုတ်အပိုးတွေတော့ များများစားစားမပါ ။
လွယ်နေကျ ကျောပိုးအိတ် အနက်ရောင်လေးထဲတွင် အင်္ကျီတစ်စုံနှစ်စုံနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ ၊ မုန့်အချို့နှင့် သူကြိုးစားပမ်းစား အချိန်ပိုင်းလုပ်၍ရခဲ့သော ပိုက်ဆံလေး ပမာဏ အတော်များများသာ ပါလာခဲ့သည်။

မကြာခင်မှာပင် Bus ကားက သူတို့နယ်မြို့ သေးသေးလေး၏ မှတ်တိုင်တွင် တစ်ဖြတ်ရပ်သွားခဲ့၏ ။ မိမိအလိုရှိရာသို့ ရောက်ပြီမို့ ချန်းယောလ် ဘေးခုံတွင် အသာတင်ထားသော ကျောပိုးအိတ်အနက်လေးကို ပုခုံးတစ်ဖက်ပေါ် ကောက်လွယ်၍ လျှာထိုးဦးထုတ်လေးကို ဆောင်းရင်း Bus ပေါ်မှ ဆင်းလာခဲ့လိုက်တော့သည် ။

အလုံပိတ် Bus ကားပေါ်တွင် တစ်နာရီနီးပါး ပူအိုက်စွာ လိုက်လာခဲ့ရတာမို့ ဆင်းဆင်းချင်း အင်္ကျီစလေးတွေ လွင့်သွားအောင်အထိ တိုက်ခတ်လာသော လေပြေအေးအေးလေးကို ချန်းယောလ် ကျေးဇူးတင်မိသွား၏ ။

အိမ်ထိရောက်ဖို့က အတော်ခရီးဆက်ရဦးမှာမို့ နေပူထဲတွင် ချန်းယောလ် ဦးထုတ်ကို ပိုခပ်ငိုက်ငိုက်ဆောင်းရင်း ခပ်ဖြည်းဖြည်း လမ်းလျှောက်လာခဲ့သည် ။
တီရှပ်အဖြူအပေါ်တွင် ထပ်ဝတ်ထားသော  ကွက်စိပ်လက်ရှည်ရှပ်အင်္ကျီလေးက သူ့ကို အနည်းငယ်တော့ အပူဒဏ်သက်သာစေခဲ့၏။

Senior Where stories live. Discover now