- 32 -

2.4K 346 61
                                    

Unicode

" ဟေး  ဟာနူး မင်းကြည့်ကြည့်...
ဒီတစ်ယောက်လှတယ်မလား ?
Follower လည်း အတော်များတယ်ဟ
Popular ဖြစ်တယ်ထင်တယ် "

ဟာနူး စာရေးစားပွဲတွင် ထိုင်နေသော်လည်း
အကြည့်များက ကုတင်ပေါ်ထက်တွင် ကျောခိုင်းအိပ်၍
စောင်ခြုံထဲကွေးနေသော ဘတ်ဟျွန်းဆီသို့သာ
ရောက်နေသဖြင့် ဘေးမှ ဂျင်ယောင်း အရေမရ အဖတ်မရ
လာပြနေသည်များကို အာရုံမရောက် ။

" ဟေး ငါပြနေတာ ကြည့်ဦး! !
လှလားလို့ "

" ငြိမ်ငြိမ်နေစမ်း "

ဟာနူး ခပ်တည်တည်နှင့် ပိတ်ဟောက်လိုက်သော်
ဂျင်ယောင်းသည် မကျေမနပ် စူပုပ်သွားပြီး
ဟာနူး အာရုံကို လုယူထားသည့် ဗြောင်ဘတ်ဟျွန်းထံသို့
အတူလိုက်ကြည့်မိလိုက်၏ ။

" ဘာဖြစ်နေတာလဲ အဲ့ကောင်ကရော ?
ပွဲပြီးကတည်းက အစောကြီး လာကွေးနေတာ "

ဟာနူးသည် အသာနေစမ်း သွားမနှောင့်ယှက်နဲ့ဟု
အဓိပ္ပါယ်ပါသော အကြည့်တစ်ခုနှင့် ဂျင်ယောင်းအား
လှမ်းကြည့် လိုက်သော်လည်း သကောင့်သားက
အရေးပင် မစိုက်ပဲ ကုတင်ပေါ် ရောက်သွားလေပြီ ။

ကျောခိုင်းကာ စောင်ခြုံထားသဖြင့် လုံးနေသော
ဘတ်ဟျွန်း၏ ခန္ဓာကိုယ်ကို မှီကာ ဖက်၍ မရမက
သူ့ဖုန်း Screen ကို တိုးပြနေသေး၏ ။

" ဟေ့ကောင်... မင်းလည်း ကြည့်ကြည့်..
လှတယ်မလား ဒီတစ်ယောက် ? "

" ဂျင်ယောင်း ငါအေးဆေးနေချင်တယ်ကွာ "

ဗလုံးဗထွေး အသံများနှင့် ညည်းညူသလို ပြောလာသော
ဘတ်ဟျွန်းသည် ဂျင်ယောင်း ဖိထိုင်ထားသည့် သူ့စောင်ကို
ပိုဆွဲယူကာ ခြုံလိုက်ပြီး ဆက်ကွေးရန် ပြင်နေလေသည် ။

" ဟေ့ကောင် မင်းနေမကောင်းဘူးလား ? "

သိသိသာသာကြီး နွမ်းနယ်နေသော သူ့ပုံကြောင့် ဂျင်ယောင်း၏ လက်ဖဝါးတစ်ဖက်က ကိုယ်ပူစမ်းရန် နှဖူးပေါ်သို့ ကျရောက်လာ၏ ။ ခပ်ကြာကြာလေး ဖိအုပ်ကိုင်ထားပြီး စမ်းကြည့်ပေးသော်လည်း ကိုယ် ပူမနေပေ ။

" ကိုယ်လည်း မပူပါဘူးဟ...
ဘာလို့ ကွေးချင်နေရတာတုန်း..
ဘာလဲ စိတ်က ဖျားနေတာလား "

You've reached the end of published parts.

⏰ Last updated: Jul 20, 2021 ⏰

Add this story to your Library to get notified about new parts!

Senior Where stories live. Discover now