- 28 -

1.5K 383 21
                                    

Unicode

လူသူတိတ်ဆိတ်လျှက်ရှိသော တက္ကသိုလ်
အားကစားခန်းမကြီးတွင် ဖြစ်၏ ။ 

အရပ်ရှည်ရှည်နှင့် ကျောင်းသားနှစ်ယောက်သည်
PE uniform ကို ဒူးထိလိပ်တင် ၊ အင်္ကျီလက်များကိုလည်း
တံတောင်ဆစ်ထိ ခေါက်တင်၍ ကြမ်းတိုက်တံ
နှစ်ချောင်းနှင့် အားကြိုးမာန်တက် ကြမ်းတိုက်လျှက်ရှိသည် ။

တစ်ယောက်မှာ ချန်းယောလ်ဖြစ်၍ ၊
တစ်ယောက်မှ ကျောင်းသားခေါင်းဆောင် ဟာနူးပင် ။

ဟာနူးသည် သူ၏ ဆံပင်ကို နောက်မှ
လှမ်းဆွဲထားသူကား ချန်းယောလ်ဖြစ်ကြောင်း
မသိသေးသဖြင့် ဆက်ဆံရေး ပြေလည်နေတုန်းပင်ရှိကာ
နာနေသော သူ့ခေါင်းလေးကိုသာ ခဏ ခဏ ပွတ်နေရှာ၏။

သူတို့နှစ်ယောက်နှင့် မနီးမဝေးတွင်မူ အားကစားခန်းမ
ပတ်လည်ရှိ... အားပေးရန်ပရိတ်သတ်များထိုင်သော
ခုံအဆင့်ဆင့်များ ကြားထဲတွင် ခြေကုန်လက်ပမ်းကျလျှက်
ထိုင်နေသူတစ်ယောက်လည်းရှိသည် ။

ထိုသူကတော့ သေချာပေါက်...
ကျောင်းသားများ ပွဲကြည့်ရင်း အပျင်းပြေဝါးကာ
ခုံအောက်တွင် ကပ်သွားသော ပီကေများကို လိုက်ခွာနေရသည့်
ဘတ်ဟျွန်းပင်ဖြစ်လေ၏ ။

" အားးရှ်.... မျိုးမစစ်လေးတွေ..
နောက်တစ်ခါ အားကစားခန်းမထဲ
ပီကေဝါးတဲ့သူတွေ့လို့ကတော့ အဲ့နေရာမှာတင်
ဆွဲရိုက်ပစ်မယ် "

ဘတ်ဟျွန်းသည် တစ်ခါသုံးလက်အိတ် နှစ်ဖက်ကို စွပ်လျှက်
ခွာပြီးသား ပီကေများ ထည့်ထားသော အမှိုက်​ခြင်းကိုမ၍
နောက်ခုံတန်းတစ်ခုသို့ ပြောင်းရပြန်သည် ။

ထိုသို့ မျက်နှာက ရှုံ့မဲ့လျှက် ပျင်းရိပျင်းတွဲနှင့်
ဆောင့်အောင့်ကာ သန့်ရှင်းရေး လုပ်နေသော
ဘတ်ဟျွန်းကို မြင်နေရတော့ ချန်းယောလ် ကြမ်းတိုက်သည့်
အရှိန်ကို နှစ်ဆပိုတင်ရုံကလွဲ၍ အခြားမတတ်နိုင်တော့ချေ။

​သူ့အလုပ်ကို မြန်မြန်လက်စသတ်၍
စီနီယာ့ကို သွားကူရပါဦးမည် ။

ထို့သို့အရှိန်ကို နှစ်ဆတင်ကာ အပြင်းအထန်
ပြေးလွှား၍ ကြမ်းတိုက်နေသော ချန်းယောလ်ကို
သတိထားမိတော့လည်း ဘတ်ဟျွန်း မသိမသာ
ခိုးကြည့်မိပြန်၏ ။

Senior Where stories live. Discover now