မောင် (Part2) 🍃

10.3K 481 21
                                    

(Uni)

ချစ်ရသူအား အသာအယာပွေ့ချီကာ ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်းချလိုက်ပြီး ကင်မရာကိုတီဗီနှင့်ချိတ်ဆက်လိုက်သည် ။

ထို့နောက် ခပ်နွေးနွေးအသက်ရူသံ ကင်းမဲ့နေသော လွန်းအား ဆွဲပွေ့ကာ ပေါင်ပေါ်တင်ထားလျက် လွတ်ထွက်သွားမှာကြောက်သည့်အလား တင်းကြပ်စွာဖက်တွယ်ထားသည်..။

ထိုအချိန် ကင်မရာထက်ဝယ်တွင် ခပ်ဖြည်းဖြည်းပေါ်ပေါက်လာ‌သော ရုပ်ပုံနုနုကလေးသည် လွန်း၏‌ဖြူဖျော့ဖျော့မျက်နှာလေးဖြစ်သည် ။ မတူညီသည့်အရာသည်ကာ မာန်ရှိလျှင် လိမ်းထားလေ့ရှိသည့်မိတ်ကပ်များနှင့်ခေါင်းစွပ်ပင် ။

(10.11.2021

မောင် ဒီနေ့က မောင်နဲ့ကိုယ့်ရဲ့မင်္ဂလာဦး‌နေ့နော်, မောင်ကိုယ့်ကို စိတ်နာနေမယ်ဆိုတာသိပါတယ် မောင်သိပြီးသား‌ပေမဲ့ ကိုယ့်ဘက်ကဝန်ခံရရင် ကိုယ်ကGayတစ်‌ယောက်ပါ ဒါပေမဲ့ ကိုယ့်အတွက် လိင်စိတ်တိမ်းညွှတ်ရာက မောင်တစ်ယောက်ထဲဆီကိုဘဲ ။ မောင်တစ်ယောက်ထဲကိုဘဲ ကိုယ်ချစ်ခဲ့မိတာပါ မောင့်ကို အကြောင်းပြချက်တွေနဲ့ ချည်ပြီးတုပ်ပြီး အတင်းအကြပ်ယူခဲ့မိလို့ တောင်းပန်ပါတယ်‌မောင်..ဒါပေမဲ့ ငါးလပါဘဲမောင်ရယ် ငါးလပြည့်ရင် မောင့်ဘဝထဲကနေ လွန်းနန္ဒငယ်ဆိုတဲ့ဖြစ်တည်မှုက အပြီးအပိုင်ထွက်ခွာသွားမှာပါ အရမ်းချစ်တယ်နော်မောင်)

ဗီဒီယိုသည် နောက်တစ်ပုဒ်သို့ ကူးပြောင်းသွားကာ ကင်မရာ‌ထောင့်ရှိရက်စွဲသည်လည်း နောက်ရက်သို့ကူးပြောင်းသွားခဲ့ပြီး ချစ်ရသူ၏မျက်နှာနုနုသည် အနည်းငယ်ချောင်ကျနေလျက် စွပ်နေကျခေါင်းစွပ်ကိုလည်းစွပ်ထား
သေးသည် ။

(10.12.2021

ဒန့် တန့် တန့် Happy 1monthsaryပါမောင်...ဟီး တစ်လတောင်ပြည့်သွားခဲ့ပြီချစ်တုံးကြီးရဲ့ အမြဲတမ်း မျက်မှောင်ကြီးကြုတ် မှုန်ယိုနေလည်း ဒီလူက ချစ်နေရတာ သိလား အဟွန်း စတွေ့တုန်းကလည်း မောင်က ပြုံးနေခဲ့တာမှမဟုတ်ဘဲ မောင်နော် ကိုယ့်ကိုရတာ ကံကောင်းတယ်မှတ် ဟီး ။ မောင်က ကိုယ်မိတ်ကပ်တွေလိမ်းရင် သဘောမကျတာ ကိုယ်သိပါတယ် တကယ်က ကိုယ်လည်းမိတ်ကပ်ပြင်ရတာမကြိုက်ဘူး‌ကွာ သိလား အရမ်းယားတယ် ဒါပေမဲ့ ကိုယ်မပြင်ရင်မောင်လန့်သွားမှာဆိုးလို့ ဟဲဟဲ ခေါင်းစွပ်ကလည်းငါ့မှာဆံပင်တွေမရှိတော့ဘူးလေ နော့်..အဲ့တာကြောင့်ပါ ဟီး အမြဲတမ်း အရမ်း အရမ်း ချစ်နေတယ်ဆိုတာတော့ မောင်သိတယ်မလား နောက်နှစ်ပတ်လည်ကျရင် ထပ်တွေ့ကြမယ်နော် ဘိုင်ဘိုင်)

မောင် (Completed)Where stories live. Discover now