မောင် (Part4) 🍃

6.4K 282 17
                                    

(Uni)

"တီလေးဆက်ပြောပြမယ်နော် အင်း နာကျင်မှုတွေ ကြည်နူး လွမ်းမောစရာတွေ သံယောဇဉ်နှောင်ကြိုးတွေ အပြည့်နဲ့ ချည်နှောင်ထားတဲ့ ဇာတ်လမ်းလေးအစက..."

ထိုနောက် သံစဉ်၏ အတွေးများသည် ကုန်လွန်ခဲ့သော ရာသီများမှ ၁၇နှစ်ခန့်ဆီသို့ ။

အတိတ်နေ့စွဲများထဲမှ စတင်တွေ့ဆုံခဲ့ကြသော လှပသည့် ရက်စွဲတစ်ခု...။

သာယာသော မနက်ခင်းတစ်ခုတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာသော နေမင်းကြီးမှဖြာကျလာသည့် နေရောင်ခြည်နုနုကလေးသည် 'လွန်းနန္ဒငယ်' ဟူသော ကောင်ငယ်လေးတစ်ယောက်ပေါ်သို့ လှပစွာဖြာကျလာခဲ့သည် ။

ဒေါက်​ ဒေါက်

"သခင်လေး"

"ဝင်ခဲ့ပါ"

"သခင်မက သခင်လေးအတွက် အသုံးစရိတ်ပေးခဲ့လို့ပါ"

"မေမေတို့က သွားကြပြီလား"

"ဟုတ်ကဲ့ပါသခင်လေး ခုနကပဲ ထွက်သွားကြပါတယ်"

"မေငယ်ကလည်း...လွန်းလေးလို့ပဲခေါ်ပါဆို ခဏခဏပြောထားတာကို"

"မသင့်တော်.."

"ဘာမသင့်တော်တာမှ မရှိဘူး။ မေငယ်က သားငယ်ငယ်ထဲက ထိန်းလာတာကို ဦးစီတို့တောင် အဲ့လိုခေါ်တဲ့ဟာ.."

ငယ်ငယ်‌လေးကတည်းက စည်းစိမ်ဥစ္စာ ပကာသနတွေနဲ့ မပျော်မွေ့သည့် လွန်းသည် ဘဝပေး ကုသိုလ်ကံကြောင့် အဆင့်အတန်းမြင့်မြင့်ဖြင့် သခင်လေးဘဝ ရရှိထားသော်ငြား သခင်လေးဟု ခေါ်ဆိုသည်အား လုံးဝမကြိုက်ပေ ။

နောက်ဆုံးတော့လည်း အိမ်တော်ထိန်းဖြစ်သည့် မေငယ်ကသာ ခေါင်းမာသည့် သခင်လေးကို အလျော့ပေးလိုက်ရပါတော့သည် ။

"ဟုတ်ကဲ့ပါရှင် လွန်းလေးသဘောအတိုင်းပါ။ မနက်စာစားသွားအုံးမလားသား"

"မစားတော့ဘူး‌မေငယ် ပထမဆုံးရက်ဆိုတော့ အတန်းလည်း ရှာရအုံးမယ် အဲ့တာဆို သားသွားတော့မယ် ဘိုင် မွ"

"ကောင်းကောင်းသွားနော်လွန်းလေး.."

"ဟုတ်ဗျ"

အရင်နှစ်က လွယ်အိတ်အနီလေးနှင့်သာ ခပ်သွက်သွက် ထွက်ခွာသွားသော သူမတို့ရဲ့ သခင်လေးဖြစ်သူ၏ ကျောပြင်လေးအား ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည် ။

မောင် (Completed)Where stories live. Discover now