မောင် (Part3) 🍃

9.5K 385 24
                                    

(Uni)

ရာသီအလီလီပြောင်းလဲပြီးနောက် ၁၇နှစ်ခန့် အကြာဝယ်~~~

အင်္ဂလန်မှပြန်သန်းလာသော လေယာဉ်တစ်ဆင်းသည် မြန်မာနိုင်ငံ၏ လေဆိပ်ထံပါးသို့ ဖြေးညင်းစွာနားခိုလာခဲ့သည် ။

"မြန်မာနိုင်ငံကြီးရေ ငါလာပြီ ဟူး ဟားဟား"

လက်နှစ်ဖက်အားဆန့်တန်းကာ ပျော်ရွှင်စွာအော်ဟစ်လိုက်ပါသော ကောင်ငယ်လေးအား ဆူညံနေသည်ကြောင့် လှည့်ကြည့်လိုက်ကြပါသော်လည်း လှပသော မျက်နှာပြင်နုနုကလေးနှင့် အချိုးကျလိုက်ဖက်လှသော အသဲပုံနဖူးပြင်လေးအပြင် ဖြောင့်တန်းသောနှာတံလေးနှင့် မထူမပါးမျက်ခုံးမွှေးနုနုလေးများရောယှက်ကာ နှင်းဆီရောင်သန်းနေပါသော နှုတ်ခမ်းထွေးထွေးလေးတစ်စုံတို့ကြောင့် ပြီးပြည့်စုံစွာ ချောမောလှပသော ကောင်ငယ်လေးအား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိကြသည် ။ သို့သော် သူတို့တွင် အချိန်မလုံလောက်သည်မို့ ခေါင်းအား လည်ပြန်ကြည့်ကာ လိုရာခရီးအား ခပ်သွက်သွက်လျှောက်ရတော့သည် ။

ထိုသည်တောင် သူတို့သည် စိမ့်စမ်းရေလို ကြည်လင်အေးမြသည့် အပြာနုရောင် မျက်ဝန်းလေးဖြင့် အကြည့်ခြင်းပင်မဆုံမိခဲ့ကြချေ ။ ထို့သို့သာ ဆုံမိလျှင် သူတို့အတွက် ထိုစိမ့်စမ်းရေလေးထဲသို့ ခုန်ဆင်းမိကြမည်မှာ ခန့်မှန်းစရာပင်မလိုတော့ပါ ။

"ငါ့ကောင်ကြီးတော့ အပျော်လွန်ပြီး နိဗ္ဗာန်ရောက်တော့မှာဘဲ"

"ရောက်ပါစေကွာ...ငါ၁၀နှစ်ကျော်‌လောက် စွဲလမ်းခဲ့တဲ့လူကိုတွေ့ရတော့မယ် တချို့အဖြစ်အပျက်တွေကို ငါသေချာမသိပေမဲ့ ငါ့အိမ်မက်ထဲကလူကိုတော့တွေ့ချင်မိတယ်"

"မပြောတော့ဘူးကွာ ငါ့ကောင်ကြီးလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးနေရှာပြီ ကျွတ်စ် ကျွတ်စ်"

"ဘာ! ဘာပြောတယ် အေး မင်းတွေ့မယ်"

"ဟားဟား နေပါအုံးသားကြီးရ ငါတို့ကိုလာကြိုမဲ့လူကော"

"မာမီ့ သူငယ်ချင်းရဲ့‌တူလို့တော့ပြောတာဘဲ"

"အင်း လာ ငါတို့ရှာကြည့်ရအောင်"

မောင် (Completed)Where stories live. Discover now