Arc. 1.5(The Weep)

6.4K 933 52
                                    


Zawgyi

နောက်နေ့ ချင်းမူဟာ ချင်းအိမ်တော်ကို ပြန်ရောက်လာတော့သည်၊သူရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ချင်းအိမ်တော်အတွက် ဘာမှမထူးခြားပေ၊ရှင်းရှင်းပြောရရင် သူမရှိသည်ဟာ အကောင်းဆုံးဖြစ်သည်မလား..၊
ထိုလိုနဲ့ သူတာဝန်အတိုင်း လောင်ထျန်းဝမ် ချင်းအိမ်တော်ကိုရောက်တိုင်း ချင်းမူဟာ အရှက်မရှိသွားကာ ကပ်တွယ်မြဲ ကပ်တွယ်ဆဲပေ၊သူ့ကို လောင်ထျန်းဝမ် သူ့ကို ပိုမိုမနှစ်သက်လာသည်ကို သူသော်လည်း သူဂရုမစိုက်ချေ၊ ချင်းယန်အန်းရဲ့ခံစားချက်တွေ၊မလိုလားမှုတွေကို ဖော်ထုတ်ပြီး လောင်ထျန်းဝမ်သတိထားမိရန်သာ လုပ်ဆောင်နေခဲ့သည်၊သူတို့နှစ်ယောက်မြန်မြန် ကြိုက်တော့ ကောင်းတာပေါ့၊ချင်းမူအတွက် စိတ်မကောင်းပေမယ့် Systemထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်နေရသည် သူဟာ ဘာတတ်နိုင်မလဲ၊ သူမလုပ်ချင်ရင်တောင် အလိုလိုလုပ်ဆောင်နေရသည်မလား၊

ချင်းအိမ်တော်ကလည်း လောင်ထျန်းဝမ်နားအရမ်းကပ်လာသည့် ချင်းမူကြောင့် အရမ်းကိုစိတ်ခြောက်ခြားနေတော့သည်၊သူတို့ဟာ ချင်းမူသာ ကယ်တင်ရှင်အနေနဲ့ပေါ်သွားခဲ့ရင် သူတို့တည်ဆောက်ခဲ့သမျှ အကုန်ပျက်ဆီးကုန်မှာ သေချာသည်၊သူတို့ရဲ့မျှော်လင့်ချက်ဟာ ချင်းယန်အန်းကို လောင်ထျန်းဝမ်ဟာ ကယ်တင်ရှင်အနေနဲ့ မမြင်ဘဲ အမှန်တကယ် သံယောဇဉ်တွယ်တာကာ ချစ်နှစ်သက်စေရန်ဖြစ်သည်၊အခုတော့ လောင်ထျန်းဝမ်ဟာ ချင်းယန်အန်းပေါ် အရမ်းချစ်ရသည့်ညီတစ်ယောက်လိုသာဖြစ်ပြီး သူရဲ့ကယ်တင်ရှင်လို့သာမြင်နေသေးသည်၊ချင်းကတော်ဟာ ဒေါသထွက်လွန်းနေတာကြောင့် ချင်းမူကို အစေခံတွေကိုခေါ်ကာ အမှောင်ခန်းထဲမှာ ချုပ်ထားရုံမက လူမြင်ရသည့်အသားအရည်နေရာတွေကလွဲ၍ မမြင်ရသည့်နေရာတွေကို အပ်သေးသေးတွေနဲ့ထိုးသည်၊ခါးပတ်နဲ့ရိုက်သည်၊ အေးစက်စက် ရေအေးထဲမှာလည်း အတင်းအကြပ်ရေချိုးခိုင်းခဲ့သည်၊ဆောင်းတွင်းဖြစ်နေခဲ့ရင်တောင် သူတို့ဟာ ချင်းမူအပေါ်သနားကြင်နာတတ်ပုံမရချေ၊

ထိုလိုနဲ့ သုံးလကုန်ဆုံးခဲ့သည်၊ချင်းမူဟာ တာဝန်အရ ဇာတ်လိုက်ဆီသွားချင်သော်လည်း... အားနည်းလွန်းသည့် သူရဲ့ခန္ဓာကိုယ်ကြောင့် နည်းနည်းလေးတောင် မလှုပ်နိုင်ခဲ့ပေ၊ဒါပေမယ့် သူရဲ့စိတ်များဟာလည်း အမြဲတမ်းအိပ်ချင်နေပြီး ပင်ပန်းလွန်းနေသည့်အပြင် တစ်ခါတလေ အရမ်းကို ဝမ်းနည်းမိသည်၊သူရဲ့စိတ်များကို သူပင်မထိန်းချုပ်နိုင်ပေ၊ထိုနောက် သူဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး... ပြက္ခဒိန်ကို ကြည့်လိုက်မိသည်၊ သုံးလ...ရှိခဲ့ပြီ ၊ ချင်းမူဟာ လိငအြဂါင်္နှဈခုလညြးပါသလို ကိုယ်ဝန်ဆောင်နိုင်သည့် ယောကျာ်းလေးတစ်ယောက်လည်းဖြစ်သည်၊ဒါကြောင့် အမျိုးသမီးများလို တစ်လတစ်ခါ ပုံမှန် ရာသီလာသည်ဟာ မဆန်းကျယ်ပေ၊အခု ဆန်းကျယ်ခဲ့သည်ဟာ ... ချင်းမူ ရာသီမလာခဲ့သည်ဟာ သုံးလရှိခဲ့ပြီ ၊ ချင်းမူဟာ သူရဲ့ဗိုက်လေးကို ကိုင်လိုက်မိပြီး အံ့အားသင့်သွားကာ သူ့အခန်းထဲက လူတရပ်လောက်ရှိသည့် မှန်ရှေ့မှာ ရပ္ကာ သူရဲ့အကွင်္ီကို လှန်လိုက်မိသည်၊ ထိုနောက် အရင်လို ပြားချပ်ချပ်ဖြစ်နေသည့် သူရဲ့နို့နှစ်ရောင်ဝမ်းဗိုက်လေးဟာ ယခု မသိမသာဖောင်းနေသည်ကို တွေ့လိုက်ရတော့သည်၊

Arc-1 The Weep (God! Grab Me! Love Me! Save Me!) Where stories live. Discover now